🎋 Periwinkle 🎋
တစ်ခါတစ်လေ လျှောက်ဖူးတဲ့လမ်းမတွေရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ပွင့်နေတဲ့ပန်းပင်လေးတွေမှာ အရမ်းလှတဲ့အဓိပ္ပါယ်တွေ ပျော်၀င်နေတတ်တယ်ဆိုတဲ့အကြောင်းကို သတိထားမိဖူးပါသလား။ သတိမထားမိခဲ့ဖြစ်ခဲ့ရင် တစ်ခါလောက်ပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ အလှကို ခံစားကြည့်စေချင်ပါတယ်။ အချိန်ရခဲ့မယ်ဆိုရင်ပေါ့။ ပန်းတွေဆိုတာ ကမ္ဘာပေါ်က အရိုးသားဆုံးဖြစ်တည်မှုတွေပဲ မဟုတ်ပါလား။သူတို့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ လှပနေမြဲ မွှေးပျံ့နေမြဲ တစ်ပါးသူရဲ့စိတ်ကိုကြည်နူးစေမြဲ ဖြစ်နေမှာပါ။ လမ်းဘေးကပန်းကလေးလဲ ပန်းမို့ အချစ်ခံသင့်ပါတယ်။
ဒီနေ့တော့ မြန်မာမှာအလွယ်တကူတွေ့နေရပေမယ့် သိပ်ပြီးလူတွေသတိမထားမိလောက်ဘူးထင်တဲ့ပန်းလေးတစ်ပွင့့်အကြောင်းနဲ့မိတ်ဆက်ပေးပါ့မယ်။ နာမည်လေးက Periwinkle တဲ့။ ခရမ်းပြာနုနုလေးတွေပါ။ မြန်မာမှာတော့ ပန်းရောင်နဲ့ အဖြူရောင်လေးတွေကို အတွေ့ရများပါတယ်။
Periwinkle ဆိုတဲ့ နာမည်က Old Latin စကားလုံးတစ်ခုကဆင်းသက်လာခဲ့တာပါ။
Vinicaဆိုတဲ့ scientific nameကိုလည်း သုံးကြပါတယ်။ဒီပန်းလေးက အပွင့်ရော အပင်ရောသေးသေးလေးဆိုပေမယ့် အဓိပ္ပါယ်တွေကတော့ အရမ်းလေးနက်ပါတယ်။ romantic way အရပြောရမယ်ဆိုရင်တော့ ထာ၀ရတည်မြဲနေမယ့်အချစ် တဲ့။ ကိုယ်တကယ်နှစ်နှစ်ကာကာမြတ်နိုးရတဲ့သူကို ပေးဖို့အကောင်းဆုံးပန်းလဲ ဖြစ်ပါတယ်တဲ့။
Victorian Eraတုန်းကတော့ ဒီပန်းလေးတွေကို Friendshipရဲ့ သင်္ကေတအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အခုထိလည်းသုံးနေကြတုန်းပါပဲ။ ဒါကြောင့် သူငယ်ချင်းအချင်းချင်းပန်းပေးချင်တဲ့အခါ ဒီပန်းလေးကအသင့်တော်ဆုံးဖြစ်ပါတယ်။
"ငါ့ဘ၀ထဲကို သူငယ်ချင်းကောင်းအဖြစ်၀င်လာပေးခဲ့လို့ ကျေးဇူးတင်ရသလို ၀မ်းသာရပါတယ်"
ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးလို့ရပါတယ်။ သူငယ်ချင်းအသစ်ပဲဖြစ်ဖြစ် အဟောင်းကိုပဲဖြစ်ဖြစ်ပေးနိုင်ပါတယ်။ (အပင်သေးသေးလေးတွေရှိတယ်)ဒါ့အပြင် အသစ်စတင်ခြင်း၊ ဖြူစင်မှု ၊ အောင်မြင်ခြင်း စတဲ့ အဓိပ္ပါယ်တွေလည်းရှိနေပါသေးတယ်။ အပြင်ဖက်မှာနူးနူးညံ့့ညံ့လေးလို့ထင်ရပေမယ့် တကယ်တမ်းအခက်အခဲတွေကြုံလာရတဲ့အခါ မားမားမတ်မတ်နဲ့ စိတ်ခွန်အားကောင်းကောင်းနဲ့ရင်ဆိုင်တတ်တဲ့ သူလေးတွေကို ပေးဖို့ဆိုရင်လည်းဒီပန်းလေးက အကောင်းဆုံးပါ။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....