အဝါရောင်တွေလွှမ်းနေတဲ့ရွှေအိုရောင်နေကြာပန်းခင်းကြီးကိုတော့ သဘောမကျတဲ့လူမရှိသလောက်ရှားပါလိမ့်မယ်။ နေကြာဟာ အခုနှစ်ပိုင်းမှာ အတော်လေးခေတ်စားလာတဲ့ပန်းပါပဲ။ ဒါကြောင့်နေကြာပန်းချစ်သူတွေအတွက်နေကြာပန်းအကြောင်းကိုပြောပြပါ့မယ်။
နေကြာကိုEnglishလို Sunflower လို့ခေါ်ကြတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့်သိပ်မသိကြတာကSunflowerဟာ နာမည်ထဲမှာ "flower"ဆိုတဲ့စကားလုံးပါတဲ့တစ်ခုတည်းသောပန်းပါ။
သူ့ရဲ့scientific nameကတော့ Helianthusလို့ခေါ်ပါတယ်။ Greekစကားကဆင်းသက်လာတာပါတဲ့။Helia ရဲ့အဓိပ္ပါယ်ကနေ ဖြစ်ပြီးတော့ Anthusကတော့ ပန်း လို့်အဓိပ္ပါယ်ရပါတယ်။ ဒီစာလုံးနှစ်လုံးပေါင်း
ထားတာပါ။
ပြီးတော့ သုံးနှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ရဲ့အထိမ်းအမှတ်ပန်းပါတဲ့ရှင်။နေကြာပန်းဟာ သစ္စာရှိခြင်းနှင့်ကြင်နာမြတ်နိုးမှုတို့ရဲ့သင်္ကေတပါ။ပြီးတော့ပျော်ရွှင်မှုလို့လည်း အဓိပ္ပါယ်ရတာကြောင့်"ကိုယ့်ကိုပျော်ရွှင်စေတဲ့သူကို အပေးသင့်ဆုံးလက်ဆောင်"လည်းဖြစ်ပါတယ်။
ပြီးတော့ "နေ"ကိုလည်း ကိုယ်စားပြုပါသေးသတဲ့။
"ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးမယ်"ဆိုတဲ့
အဓိပ္ပါယ်နဲ့လည်းလက်ဆောင်ပေးလေ့ရှိကြပါတယ်။တရုတ်ယဉ်ကျေးမှုမှာနေကြာပန်းဟာ ကံကောင်းခြင်းနဲ့ကြာရှည်သောပျော်ရွှင်မှုလို့ ယူဆကြပါတယ်။ အာရှနိုင်ငံတွေမှာတော့ နေကြာကို ချမ်းသာကြွယ်ဝမှု လို့ မှတ်ယူထားလေ့ရှိကြပါတယ်။
နေကြာဆီကို leatherတွေနူးညံ့ပျော့ပြောင်းအောင်ပြုလုပ်ခြင်း ၊ဆံပင်ပျော့ဆေး နဲ့ ထိခိုက်ဒဏ်ရာကုသခြင်းစသည်တို့မှာအသုံးပြုပါတယ်။နေကြာဆီကို ဟင်းချက်ရာမှာလည်းအသုံးပြုပါတယ်။(ဒါကတော့လူတိုင်းနီးပါးသိကြပါတယ်)နေကြာဆီဟာ သံဓာတ်သတ္ထုဓာတ်ကြွယ်ဝပြီးဗီတာမင်အေ နဲ့ ဒီလည်းပါရှိပါတယ်။
ယူကရိန်းနိုင်ငံရဲ့ national flowerဖြစ်ပြီး
Kansas(အမေရိကန်အလယ်ပိုင်းကပြည်နယ်တစ်ခု)ပြည်နယ်ရဲ့ state flowerပါ။နေကြာပန်းနဲ့ပတ်သတ်ပြီးဝမ်းနည်းစရာပုံပြင်လေးတွေကိုကြားဖူးကြမယ်ထင်ပါတယ်။နေကြာပန်းတွေဟာတစ်ကယ်ကို
သစ္စာရှိတာပါ။နေမင်းကြီးကိုပဲ
အမြဲတမ်းမျှော်ကြည့်နေခဲ့ကြသူတွေပါ။
သူတို့ရဲ့ထူးခြားချက်ကနေသွားရာလမ်းကြောင်းဖြစ်တဲ့အရှေ့ကနေအနောက်ကိုနေသွားတဲ့အတိုင်းလိုက်ပါတတ်ပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....