🌼 Marigold 🌼
ဘဝကိုဖြတ်သန်းရင်း အမှတ်တမဲ့ကနေနှလုံးသားကို အမှတ်တရအဖြစ် တိုးဝင်လာတဲ့တစ်စုံတစ်စုံတစ်ဦးဆိုတာ လူတိုင်းမှာရှိကြမှာပါ။ သူ့ကိုတွေ့ရင် ဖြစ်ပေါ်လာတဲ့ခံစားချက်တွေက တဖြည်းဖြည်းနဲ့နှလုံးသားမှာ အမြစ်တွယ်ပြီး အချစ်ဆိုပြီးသတ်သတ်မှတ်မှတ်ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ ဂရုစိုက်မှုအားလုံးဟာ သူ့အတွက်ဖြစ်သွားမှာပါပဲ။ နောက်တော့အချစ်နောက်ကကပ်လိုက်လာတဲ့ အတ္တအမျှင်တန်းလေးကြောင့်သူ့ဆီက တုံ့ပြန်မှုကို ပြန်လိုချင်လာတဲ့အခါ ၊ သူ့ဖက်ကပြန်လာတဲ့ဂရုစိုက်မှုတွေကို လိုချင်တက်မက်မိတဲ့အခါ တစ်ဖက်လူကို ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟဖို့ ပြီးပြည့်စုံတဲ့အဓိပ္ပာယ်နဲ့ ပန်းတစ်ပွင့်ရှိပါတယ်။ ဒီပန်းလေးကတော့ ထပ်တစ်ရာပန်းလို့ခေါ်တဲ့ Marigold ပန်းလေးပါပဲ။
2018 ခုနစ်ရဲ့ Academy Award for Best Animated Feature Film ( Oscar Award ) ကိုရခဲ့တဲ့ Coco ဆိုတဲ့ Animated fantasy film လေးကိုအားလုံးသိကြတယ်ဟုတ်။ ဒါဆိုဒီဇာတ်ကားလေးထဲမှာ အရေးကြီးတဲ့ role ကိုယူထားတဲ့ Marigold ဆိုတဲ့ ပန်းလေးကိုလဲ သတိတော့ထားမိကြမှာပေါ့။ ဒီပန်းက ကြည့်တော့တာ ဟိတ်ဟန်မရှိတာ အဓိပ္ပာယ်တွေကတော့ တော်တော်လေးကို များသား။
Marigold ကို Aztec လူမျိုးတွေလက်ခံထားတဲ့ အဓိပ္ပာယ်ကတော့ မိမိချစ်ခင်နှစ်သက်ရသူရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခြင်း ၊ ဝမ်းနည်းခြင်းပါတဲ့။
Marigold က အများအားဖြင့်အဝါရောင်တောက်တောက် ဒါမှမဟုတ် လိမ္မော်ရောင်ရှိတတ်ပါတယ်။ ဒါကြောင့် Marigold ကို "herb of the sun" လို့လဲတင်စားကြပါတယ်။ Marigold အဝါရောင်က ပျော်ရွှင်မှုကိုကိုယ်စားပြုပြီး Marigold အနီရောင်ကတော့ passionကို ကိုယ်စားပြုပါတယ် ။ လိမ္မော်ရောင်ကတော့ တစ်စုံတစ်ဦးရဲ့ ချစ်မြတ်နိုးမှု ကိုပိုင်ဆိုင်ရရှိခြင်းပါ။ ကိုယ့်ရဲ့ life partner အတွက်ဆိုရင်တော့ Marigold အနီနဲ့လိမ္မော်ရောင်စပ်ပန်းစည်းလေးတစ်စည်းက တကယ့်ကို perfect gift လေးပါပဲ။
"ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ relationship တစ်ခုကို တည်ဆောက်ကြမယ် "ဆိုတဲ့အဓိပ္ပာယ်ကိုပိုင်ဆိုင်ပါတယ်။Victorian language အရ Marigold ရဲ့အဓိပ္ပာယ်ကတော့ ကြွယ်ဝချမ်းသာလိုခြင်း။ ထူးထူးခြားခြားအနေနဲ့ရှိနေတဲ့ မကောင်းတဲ့အဓိပ္ပာယ်တစ်ခုကတော့ မနာလိုမှုပါ။ ဒီအဓိပ္ပာယ်ကတော့ French Marigold အတွက်ပဲအကြုံးဝင်ပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....