အချက်အလက်တွေ ပြန်စစ်ပြီး Personality လေးတွေပါ ထပ်ထည့်ပေးထားပါတယ်။❤
Januaryလရဲ့ ပန်းက Carnationပါ
carnationရဲ့အဓိပ္ပါယ်က နက်ရှိုင်းတဲ့အချစ် တဲ့။
ပန်းရောင်carnation တွေက
ငါမင်းကိုဘယ်တော့မှမမေ့ပါဘူး လို့ဆိုလိုပါတယ်။
သင့်ရဲ့မွေးလပန်းက Carnationဖြစ်ခဲ့မယ်ဆိုရင်
သင်က ဆတ်ဆတ်ထိမခံတတ်တဲ့ လူမျိုးထဲမှာပါ ပါတယ်။
သင်က သင့်ရဲ့ မိသားစုဝင်တွေ၊သူငယ်ချင်းတွေကို
အရမ်းကာကွယ်ပေးတတ်သူလည်း ဖြစ်ပါတယ်တဲ့။
သင်ဟာ အရမ်းရည်မှန်းချက်ကြီးမားသူဖြစ်ပြီး
ကူညီတတ်တဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်တဲ့။Februaryလရဲ့ပန်းက Violet ပါ
Violet ပန်းတွေက ယုံကြည်မှု ရဲ့ သင်္ကေတ ပါတဲ့။
အဖြူရောင် violetပန်းတွေက
အခွင့်အရေးပေးခြင်း လိုဆိုလိုပါတယ်။
သင့်ရဲ့ မွေးလပန်းက Violet ဖြစ်ခဲ့မယ်ဆိုရင်တော့
ခက်ခဲတဲ့အခြေအနေမှာတောင် သင်ဟာ
styleကျကျနဲ့ ခပ်မိုက်မိုက်နေနိုင်သူပါ။ပြီးတော့
ကြိုးစားပြီးလည်း အဲ့ဒီအခက်အခဲတွေကနေ ရုန်းထွက်နိုင်ပါတယ်။သင့်မှာ အားကောင်းတဲ့စိတ်စွမ်းအင်ကိုလည်း
ပိုင်ဆိုင်ထားတာမို့ တခါတစ်လေမှာ တစ်ချို့ဖြစ်ရပ်တွေကို
အလိုလိုသိနေတတ်ပါတယ်။ဘယ်သူ့ကိုမှလည်း
အတုမခိုးတတ်သလို ရင့်ကျက်တဲ့သူတစ်ယောက်လည်း
ဖြစ်ပါတယ်တဲ့။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....