(Baby's breath )
မြန်မာမှာ ကြယ်ပန်းလို့ခေါ်တဲ့ဒီပန်းလေးကို မသိတဲ့သူရှားမယ်ထင်ပါတယ်။ အဖြူရောင်အပွင့်သေးသေးလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ဒီပန်းလေးက ပန်းပွင့်လေးတွေလှနေရုံတင်မဟုတ်ပဲ အဓိပ္ပါယ်လေးကအစ လှပပြီးလေးနက်နေတာမျိုးပါ။
Baby's breathကို Gypsophila လို့လည်း
ခေါ်ကြပါတယ်။အရှေ့ဥရောပ ဘက်မှာ စတင်တွေ့ရှိခဲ့ကြတာပါတဲ့။Floristအများစုကတော့ Filler flowerအနေနဲ့အသုံးပြုကြတာများပါတယ်။(လက်ကိုင်ပန်းစည်းတွေမှာ တခြားပန်းတွေနဲ့အတူရောပြီးသုံးတာမျိုးပါ။)နှင်းဆီပန်းနဲ့ baby's breathကိုရောပေးရင် မင်းကိုသေတဲ့အထိချစ်မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါသတဲ့။
ဒီပန်းတွေကနွေရာသီမှာပွင့်လေ့ရှိပါတယ်။
Baby's breath flowerတွေဟာ စိတ်ကူးယဉ်ဆန်တဲ့သတို့သမီးလက်ကိုင်ပန်းတွေ ရဲ့အစိတ်အပိုင်းတစ်ခုပါ။ အနောက်နိုင်ငံဖက်တွေမှာတော့ ဒီပန်းတွေကို တစ်ခါတစ်ရံမှာ ကလေးမွေးပြီးခါစ မိဘအသစ်တွေဆီကို လက်ဆောင်အဖြစ်ပေးလေ့ရှိပါတယ်။
Baby's breathပန်းလေးတွေကို
ရှည်ကြာခိုင်မာတဲ့အချစ်ရဲ့ပြယုဂ်လို့တောင်ဆိုကြပါတယ်။
ပြီးတော့ ဒီပန်းလေးတွေက ဖြူစင်ခြင်း ကိုလည်းကိုယ်စားပြုပါသေးတယ်။ကြယ်ပန်းလေးတွေက အဝါဖျော့ဖျော့ (အဝါဆိုပေမယ့်အဖြူဘက်ကို သန်းတဲ့အရောင်)နဲ့ ပန်းရောင်ဆိုပြီးနှစ်မျိုးရှိပါတယ်။
ပန်းရောင်ကိုအသုံးပြုတာရှားပြီး အဖြူကို အသုံးပြုတာပိုများပါတယ်။
ပန်းရောင်လေးသန်းနေတဲ့Baby's breathကိုတော့မိန်းကလေးတွေကသူတို့ရဲ့ crushဆီကို
ရည်းစားစာရေးပြီးပို့တဲ့နေရာမှာ
ထည့်သွင်းအသုံးပြုလေ့ရှိခဲ့ကြပါတယ်တဲ့ရှင်။ကျန်တဲ့ အဝါ အပြာ အစိမ်း ခရမ်း စတာတွေက တော့ဆေးဆိုးထားတဲ့အရောင်တွေပါ။
တကယ်တော့ ပန်းပေးတယ်ဆိုတာ ကိုယ့်ရဲ့ခံစားမှုတွေကို သိမ်မွေ့စွာဖော်ပြခြင်းတစ်မျိုးပါပဲ။ ဘယ်လောက်ပဲသေးငယ်တဲ့ပန်းလေးဖြစ်ပါစေဦး သူ့မှာကျွန်မတို့်ထင်ထားတာထက်လှပပြီးလေးနက်တဲ့အဓိပ္ပါယ်တွေပြည့်နှက်နေတတ်ပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....