Snow Drop

1.8K 68 0
                                    

❄ Snowdrop ❄

ဆောင်းလဲကုန်တော့မယ်ဆိုတော့ ဆောင်းရဲ့အအေးဒဏ်ကို အန်တုပြီး ဖူးပွင့်ကြတဲ့ ပန်းလေးတွေအကြောင်း ပြောကြမလား ?

ဂရိဘာသာစကားအရ Galantus က နွားနို့ ,
nivalis   ကတော့ နှင်းကဲ့သို့သော။
နှစ်ခုပေါင်းလိုက်တော့ , Galantus nivalis , နှင်းပွင့်နှင့် ဆင်တူသော နို့နှစ်ရောင်အဖြူရောင်ပန်းပွင့် တဲ့။

ဇန်နဝါရီလကနေ နွေဦးဝင်ခါနီး မတ်လဆန်းထိ ဖူးပွင့်တတ်ကြတဲ့ snowdrop ပန်းလေးတွေရဲ့ နာမည်တစ်မျိုးပေါ့။

ဒီချစ်စရာကောင်းတဲ့ ဖြူအုအု Snowdrop ပန်းလေးတွေက Carnation တွေလို January လရဲ့ birth flower လေးတွေပါပဲ။

"တစ်ချို့ပန်းပွင့်တွေက နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကို သယ်ဆောင်ထားတတ်တယ်။ တစ်ချို့ကတော့ သိပ်လှတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းကြတယ်"

Floriography ဆိုတဲ့ flower language ကိုဘယ်သူစခဲ့လဲပေမယ့် flower language ခေတ်ထချိန် Victorian era မတိုင်ခင် ဟိုးအရင်ချိန်တွေကတည်းက ပန်းတွေကို အဓိပ္ပါယ်သတ်မှတ်ပြီး စာပေတွေမှာ ထည့်သွင်းရေးခဲ့ကြတယ်။ ပွဲအခမ်းအနားတွေမှာ အသုံးပြုကြတယ်။ သူတို့ကိုးကွယ်တဲ့  နတ်ဘုရား ၊ နတ်ဘုရားမတွေကို အစွဲပြုပြီး ပုံပြင်တွေဖန်တီးခဲ့ကြတယ်။

Snowdrop ရဲ့အဓိပ္ပါယ်တစ်ခုကတော့ 'ပိုမိုနွေးထွေးပြီး နေ့တာရှည်လျားတဲ့ နွေဦးရက်တွေ ငါတို့ဆီရောက်ရှိလာပြီ'တဲ့။
Moldovan ဒဏ္ဍာရီကို အခြေပြုပြီး ဆင်းသက်လာခဲ့တဲ့ အဓိပ္ပါယ်ပေါ့။

Moldovan နိုင်ငံနဲ့ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ Romania နိုင်ငံမှာ မတ်လတစ်ရက်နေ့ဆို Martisor လို့ခေါ်တဲ့ နွေဦးပွဲတော်တစ်ခုရှိတယ်။ Martisoare လို့ခေါ်တဲ့ အဖြူနဲ့အနီရောင်ကျစ်ကြိုးတွေနဲ့ snowdrop ပန်းတွေစိုးမိုးတဲ့ပွဲတော်တစ်ခုပေါ့။

အနောက်နိုင်ငံတွေမှာ နွေဦးက မတ်လ20ကျော်မှ ဝင်တတ်ပေမယ့် Moldovan နိုင်ငံမှာတော့ မတ်လအစောပိုင်းမှာတင် နွေဦးဝင်တတ်ပါတယ်တဲ့။ ဒါကြောင့်ပဲ သူတို့က ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့ကြတယ်ထင်ပါရဲ့။

"ဆောင်းအားတိုက်ထုတ်ခြင်း" ဆိုတဲ့ နွေဦးနတ်သမီးနဲ့ ဆောင်းရာသီကိုအပိုင်စိုးတဲ့ စုန်းမကြားတိုက်ပွဲတစ်ခုပါတဲ့ ဒဏ္ဍာရီပေါ့။ ဒဏ္ဍာရီရဲ့ အဆိုအရဆို နွေဦးနတ်သမီးက ဆောင်းရာသီရဲ့ စုန်းမကို အနိုင်ပိုင်းဖို့အတွက် သူ့လက်ညိုးကိုဖြတ်ပြီး သူ့သွေးစက်တွေကို နှင်းပေါ်ကြစေခဲ့တယ်တဲ့။ ကျလာတဲ့သွေးတွေကြောင့် နှင်းတွေကအရည်ပျော်သွားပြီး ဆောင်းရာသီကိုတိုက်ထုတ်နိုင်ခဲ့တယ်။ နောက်တော့ နွေဦးနတ်သမီးရဲ့ သွေးစက်တွေကနေ Snowdrop ပန်းလေးတွေဖြစ်လာခဲ့တယ်။

FlowersWhere stories live. Discover now