💜 Statice or Sea Lavender 💜
ဒီနေ့တော့ လွမ်းစရာကောင်းတဲ့အဓိပ္ပါယ်လေးနဲ့ ပန်းလေးတစ်မျိုးအကြောင်းပြောပြတာပေါ့။ Staticeလို့ အမည်ရတဲ့ပန်းလေးပါ။ Sea Lavender လို့လည်း လူသိများပါတယ်။
အထွေအထူးတော့ ဂရေ့စ်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။ မြန်မာမှာလည်းအတော်များများနဲ့ရင်းနှီးမယ့်ပန်းလေးပါ။ ပန်းဆိုင်အတော်များများမှာနေရာယူထားတတ်တဲ့ပန်းလေးပေါ့။ တာရှည်ခံတာမို့ လူကြိုက်များပါတယ်။ မသိရင် ပန်းခြောက်လို့တောင်ထင်ရနိုင်ပါတယ်။ ဒါပေမယ့် Staticeလေးတွေက စိမ်းလန်းနေရင်လဲလှသလို ခြောက်သွားရင်လည်း တစ်မျိုးလေးလှပြန်ပါတယ်။ (တချို့ ကောင်လေးတွေလိုပေါ့😷 နှမျောတဿစွာနဲ့ အလှပဲကြည့်နေရတယ် အုအု)ဒီပန်းလေးရဲ့ scientific nameကိုတော့ Lemonium လို့ခေါ်ပါတယ်။ ဂရိဘာသာစကား Leimon ကဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မြက်ခင်းပြင် သို့ ကွင်းပြင် လို့ဆိုလိုပါတယ်။ ဘာလို့လဲဆိုတော့ staticeတွေက မြေရိုင်းတွေမှာ ရှင်သန်ကြီးထွားကြလို့ပါတဲ့။
အနောက်နိုင်ငံတွေမှာတော့ Staticeတွေကို နေရာအတော်များများမှာသုံးကြပါတယ်။ ထူးခြားတာက သေဆုံးသွားတဲ့သူတွေရဲ့ အုတ်ဂူတွေကိုသွားတဲ့အခါမှာလည်း ဒီပန်းတွေကို အသုံးပြုလေ့ရှိပါတယ်။ သူ့ရဲ့ပန်းအဓိပ္ပါယ်တွေမှာကိုက "လွမ်းဆွတ်တမ်းတခြင်း"ဆိုတဲ့ အဓိပ္ပါယ်က တစ်ခုအနေနဲ့ပါ၀င်နေတာမို့ပါ။
အပေါ်မှာဖော်ပြခဲ့တဲ့ အဓိပ္ပါယ်အပြင် အောင်မြင်မှု ၊ ကိုယ်ချင်းစာတရား ၊ ပြန်လည်တွေ့ဆုံခြင်း၊ ကြည်နူးဖွယ်အမှတ်တရ စတဲ့အဓိပ္ပါယ်တွေလည်းရှိနေပါသေးတယ်။
တစ်စုံတစ်ယောက်ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးချင်တဲ့အခါမှာလည်း ဒီပန်းစည်းလေးကိုပေးလေ့ရှိပါတယ်။Gradulation တွေအတွက် ပေးလို့ကောင်းတဲ့ ပန်းစည်းမျိုးလည်းဖြစ်ပါတယ်။
ဒီstaticeက နေရောင်ကိုအရမ်းကြိုက်တဲ့ အပင်ပါတဲ့။ မြေဆီမြေနှစ်နည်းနည်းပဲရှိတဲ့နေရာတွေမှာ ရှင်သန်နိုင်ပါတယ်။
သူက ပန်းစည်းတွေအတွက် decorationအတွက် တင်မဟုတ်ပဲ ဆေးဖက်လည်း၀င်ပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....