အခုအရမ်းနာမည်ကြီးနေတဲ့ Extraordinary you dramaထဲက နွန်းဆိုးဟွားလို့ခေါ်တဲ့ Chinese Trumpet creeper အကြောင်းကို ပြောပြပါမယ်။ မြန်မာလိုတော့နာမည်ရှိတယ်ကြားဖူးပေမယ့် မသေချာလို့ထည့်မရေးတော့တာပါ။ ဆိုလိုတာက မြန်မာမှာရှိပါတယ်။ဂရေ့မြင်ဖူးတယ်။ဂရေ့မြင်ဖူးတာကတော့ အဝါလေးတွေ။ကိုရီယားကားထဲကတော့ အနီလေးပေါ့။ သူက နွေရာသီမှာပွင့်တဲ့ပန်းလေးတွေထဲကတစ်ခုပါ။ အရောင်ကတော့ လိမ္မော်ရောင်နဲ့အဝါရောင် Gradiantလေးရှိပါတယ်တဲ့။ ပန်းပင်ကနွယ်ပင်အမျိုးအစားထဲမှာပါပြီး ကောင်းကင်ကိုမော်ကြည့်နေတဲ့သဏ္ဍာန်ပွင့်တာကြောင့် တော်ဝင်တယ်လို့သတ်မှတ်ကြပြီး
ကိုရီးယားမှာဆိုရင် မ်ျိုးရိုးမြင့်အိမ်တွေမှာပဲ စိုက်ပျိုးလေ့ရှိတဲ့အပင်မျိုးဖြစ်ပါတယ်။ တော်ဝင်ပန်းပေါ့ရှင်။ဒီပန်းရဲ့အဓိပ္ပါယ်ကိုရှာတော့သုံးမျိုးတွေ့ပါတယ်။
ပထမတစ်ခုက
"ကမ္ဘာကြီးပြိုလဲသွားမယ်ဆိုရင်တောင်....ပျက်စီးသွားမယ်ဆိုရင်တောင်...ငါကတော့မင်းကိုပဲစောင့်နေမှာပါတဲ့။နောက်တစ်မျိုးကတော့ နွန်းဆိုးဟွားရဲ့ တရုတ်စာလုံးပေါင်းကနေဆင်းသက်လာတာပါ။
နွန်း ~ despise ၊ ဆိုး ~ sky ၊ ဟွာ ~ Flower ၊
ကောင်းကင်ကြီးကိုတောင် အထင်အမြင်သေးသွားစေနိုင်တဲ့အထိ ပွင့်တဲ့ပန်း ၊ အဲ့လောက်ထိ ကြီးကျယ်ခမ်းနာတဲ့ အဓိပ္ပါယ် နဲ့ပါ တဲ့။နောက်ဆုံးတစ်ခုကတော့ Googleကရှာတွေ့တာပါ😂
New beginning တဲ့။ စတင်ခြင်းပေါ့။ကဲ...အဓိကအပိုင်းလာပါပြီ။ နွန်းဆိုးဟွာရဲ့အဓိပ္ပါယ်ကို ဘာလို့စောင့်ဆိုင်းခြင်းလို့်ပြောရလဲဆိုရင် ကိုရီးယား ဒဏ္ဍာရီတစ်ခုကြောင့်ဖြစ်ပါတယ်။
ဟိုးရှေးရှေးတုန်းက နန်းတော်ထဲမှာ အရမ်းကိုလှပတဲ့ နန်းတွင်းအစေခံ ဆိုးဟွာ ဆိုတဲ့မိန်းကလေးတစ်ယောက်ရှိတယ် ။ ဆိုးဟွာကိုမြင်သွားတဲ့ ဘုရင်မင်းမြတ်က သူမကိုတော်ကောက်လိုက်ပြီး။
နန်းတော်ရဲ့တစ်နေရာက နန်းဆောင်မှာ မိဖုရားအဖြစ်နဲ့ ချီးမြှောက်ခဲ့တယ်။
ဒါပေမယ့် ဘုရင်မင်းမြတ်ကတော့ တော်ကောက်ပြီးကတည်းက မိဖုရားရဲ့နန်းဆောင်ကို တစ်ခါမှရောက်မလာခဲ့တော့ဘူး။
စိတ်နှလုံးနူးညံ့လှပတဲ့မိဖုရား ဟာ ဘုရင်ကြီးကို ခစားဖို့အတင်းမတောင်းဆိုပဲ ဘယ်အချိန်လာမယ်မှန်း မသိတဲ့ ဘုရင်မင်းမြတ်ကိုပဲ ဆက်ပြီး စောင့်နေခဲ့ရှာတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....