P~1 (U)

9K 360 20
                                    

"မနက်ဖြန် သိမ်းမယ် ကိုခေါင်''

"အခြေအနေကရော''

"ထူးခြားတာမရှိပါဘူး''

ခေါင်က ရှိုက်ဖွာနေတဲ့စီးကရက်ကို နှုတ်ခမ်းကခွာသည်။ ထို့်နောက် လက်ချပြီး ပြာတွေကို ဆေးလိပ်ခွက်မှာပုတ်ခတ်ချရင်းပါးစပ်ကနေ ဆေးလိပ်ငွေ့တွေကိုဖူးကနဲမှုတ်ချသည်။

ပက်လက်ကုလားထိုင်မှာ ခြေထောက်တစ်ယောက်ကို ပေါင်ပေါ်ဟန်ပါပါချိတ်ထိုင်ရင်း အကြည့်တွေက စိမ်းညို့ညို့ရိုးမတောင်တန်းကြီးဆီသို့ အာရုံနစ်ဝင်လျက်ရှိကာ

"ဦးမင်းမြတ်တင်နဲ့အဆက်အသွယ်ရလား''

မေးပြီးတော့ ဆလိုင်းကိုတစ်ချက်ကြည့်ကာ ပြန်လှည့်သွားသည်။

"မရသေးပါဘူး ကိုခေါင်-- ဒီလူကြီး အရှောင်အတိမ်းကောင်းတယ်-- နေရာအနှံ့တော့ အဖွဲ့တွေခွဲရှာနေပါတယ်''

"ငါကြားချင်တာ သူတော်ကြောင်းဂုဏ်ပုဒ်တွေမဟုတ်ဘူး၊
ကိုယ်ညံ့ဖျင်းတာကိုဖုံးကွယ်ပြီး သူများကိုချီးကျူးနေရင် ဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူး ဆလိုင်း ''

ခေါင် နှုတ်ခမ်းတွေတွန့်ကာပြောလိုက်ရင်ပဲ ဆလိုင်းကခေါင်းငုံ့ချသည်။

အကိုခေါင်ရိုးနောက်လိုက်ခဲ့သည့်တစ်လျှောက်လုံး သူအလုပ်မျိုးစုံလုပ်ဖူးခဲ့သည်။ ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်တာတွေ၊ မသေရုံတမယ်နှိပ်စက်ခဲ့တာတွေလည်းရှိကာ နောက်ထပ်နလန်မထူနိုင်အောင်လည်း စီးပွားပျက်ဒုက္ခရောက်သည်ထိ ဖျက်စီးဖူးခဲ့သည်။ ဒါတွေဟာ တရားခြင်း၊ မတရားခြင်းဆိုတာထက် ကိုယ်ပိုင်ဆိုင်ရမည့်ပစ္စည်းဖြတ်ထုတ်လိုသူတွေကို ဖယ်ရှားခြင်းအရာများသာဖြစ်ခဲ့ကာ ...

သူေဋ္ဌး ဦးမင်းမြတ်တင်။ ဒီလူကတော့ သူ့တစ်သက် စံတင်လောက်သည့်လူစားမျိုး။

ခြေထောက်တွေရိုက်ချိုးပြီး မသေရုံတမယ်လုပ်ခဲ့တာတောင်မှ ခေါင်ဦးခိုက်ယံဆိုတဲ့ဘာမထီယောကျာၤးကို တဖန်ပြန်ရန်စရဲသည်။ ဒီတခါတိုက်ခိုက်တာက မျက်ကန်းပြီးအထိနာတဲ့ကျားနာတစ်ကောင်လိုဖြစ်ကာ မဲမဲမြင်ရာလှမ်းဆွဲခဲ့သည်။ ရလဒ်ကတော့ ဆုံးရှုံးမှုထက် လူထုမှာ အကြီးအကျယ်ပွက်လောရိုက်ခဲ့သော ပစ်ခတ်မှုတွေရှိခဲ့ခြင်းကြောင့်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now