P~2 (U)

4.1K 253 20
                                    

Greenland Luxury Condoအိမ်ယာမြေအဆောက်အဦးရဲ့ကားပါကင်ထဲကို နောက်ဆုံးပေါ်မော်ဒန်မြင့်ကားတစ်စီးဝင်သွားကာ ကားပါကင်ထိုးပြီးတဲ့နောက် ကားပေါ်ကနေ အသက်သုံးဆယ်ကျော်အရွယ် လှပတင့်တယ်သည့်အမျိုးသမီးတစ်ဦးဆင်းလာသည်။ လှပကျော့ရှင်းသည့်ကိုယ်ဟန်ထက် ဒူးခေါင်းဖုံးရုံလောက်ထိသာရှည့်သည့် ခပ်ကျပ်ကျပ်ပန်းဆီရောင်ဝတ်စုံရှည်က နဂိုရှိပြီးသားခန္ဓာအလှကိုပိုပေါ်လွင်စေသည်။

ရွှေအိုရောင်ဖျော့ဖျော့လှိုင်းကောက်ဆံပင်တွေကိုခေါင်းနောက်မှာ ပန်းဆီရောင်ကလစ်လှတစ်ခုနဲ့သေသပ်လှပစွာထုံးဖွဲ့ထားသလို တစ်ကိုယ်လုံးမှာ ခပ်ပါးပါးလေးပဲဝတ်ထားသည့်စိန်ထည်တွေကြောင့် အလင်းရောင်နည်းနည်းမှိန်ချင်နေသည့်ကားပါကင်လိုနေရာမျိုးမှာ စိန်တွေလက်နေသည်ကတဖျတ်ဖျတ်။ ဖွေးနုနေသည့်ခြေခုံတွေနဲ့လိုက်ဖက်စွာနေရာယူထားသည့်pencil heelဒေါက်ချွန်အမြင့်လေးက သူမခြေလှမ်းတိုင်းမှာ ဘေးနားကဖြတ်သွားသည့်လူတိုင်း မြင်သူတကာငေးဖြစ်ကာ။ သူမသည် THORN စီးပွားရေး groupရဲ့CEO ဦးရိုးနောင်ရဲ့ တရားဝင်ဇနီး ကာရန်ကျူးသစ်ဖြစ်သည်။

သုံးဆယ်ကျော်အရွယ်ဆိုသည့်အတိုင်း မိန်းမတစ်ယောက်ရဲ့လှပတင့်တယ်မှုနှင့်အတူတည်ငြိမ်အေးချမ်းမှုတွေကပြိုင်ကြွားလျက်။ ပြည့်မျိုးမှဲ့မထင်ဖူးဖူးစင်စင်လေးလှရက်လွန်းသည့်မျက်နှာလှလှက ဘယ်နေရာမှအပြစ်ရယ်လို့ထောက်ပြစရာမရှိ။ ပုံမှန်ခြေလှမ်းတွေနဲ့ ပတ်ဝန်းကျင်အမြင်မှာ သူမဟာအလှနတ်ဘုရားတစ်ပါးလို ကျက်သရေရှိကာ အေးချမ်းလှပနေပေမဲ့ သူမရင်ထဲကလောင်နေတဲ့အပူမီးကိုတော့ ဘယ်သူမှမမြင်နိုင်ကြ။

ကားပါကင်မြေညီထပ်မှာရှိသည့်စတိုးဆိုင်တွေရှေ့က မိန်းကလေးတွေရဲ့အားကျသလိုအကြည့်တွေ၊ ဖြတ်သွားဖြတ်လာ ယောကျာၤးတွေရဲ့တီးတိုးအလှချီးမွမ်းကြောင်းတွေကို ကြားနေကျအတိုင်း သာသာယာယာဖြတ်သန်းပြီးလို့ အပေါ်လွှာတွေကိုတက်မဲ့ elevatorထဲအရောက်မှာ သူမမျက်ဝန်းတွေပေါ်နေရာပေးထားသည့်မျက်မှန်နက်ကို ဟန်ပါပါချွတ်လိုက်သည်။ ထို့နောက် သူမသွားရမည့်အထပ်ဆီသို့ ခလုတ်ဖိနှိပ်ပြီး လက်ထဲကလက်ကိုင်အိတ်ကို ကိုယ်ရှေ့မှာ လက်နှစ်ဖက်စုကိုင်ကာ တည်တည်ငြိမ်ငြိမ်ပဲမတ်တပ်ရပ်ပြီးနေသည်။ မိနစ်ပိုင်းအတွင်း ရောက်ရှိသည့်elevatorတံခါးပွင့်တာနဲ့ သူမသွားလိုသည့်ကွန်ဒိုအခန်းရှေ့မှာ ခြေစုံရပ်ပြီး ဘဲလ်ခလုတ်ကိုနှိပ်လိုက်သည်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now