P~6 (U)

2.3K 225 12
                                    

နေ့လည်ပိုင်း နိုင်ငံခြားကလုပ်ငန်းရှင်တစ်ဦးနဲ့ စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံဆွေးနွေးပြီးတာနဲ့ ခေါင်အိမ်ကိုပြန်လာခဲ့သည်။ ဒီစီးပွားရေးလောကထဲခြေချဖူးပြီးသားဖြစ်ကာ လုပ်ငန်းအတွေ့အကြုံလည်းရှိပြီးသားမို့ သူ့အတွက် ဘယ်အရာမှထွေထွေထူးထူးအခက်အခဲမရှိ။ အကုန်လုံးဟာ ကိုယ့်အုပ်ချုပ်မှုအောက်မှာ ပိုတိုးတက်ဖို့ပဲရှိသည်။

ခြံရှေ့နားရောက်လို့ လုံခြုံရေးဂိတ်ဘေးကကားဖြူတစ်စီးကိုတွေ့လိုက်တာနဲ့ ခေါင့်နှုတ်ခမ်းတွေ မသိမသာတွန့်ကွေးသွား
ိသည်။ နှစ်ရက်သုံးရက်လောက်ရုံးတက်ပြီးအယောင်ပြလိုက်တာနဲ့ အပိုင်တွက်ပြီးရောက်ချလာပုံရပြန်သည်။ ကားကိုဘယ်တော့မှ ခြံထဲထိမသွင်း။ သူပြန်လာတာမြင်ရင် အသင့်ပြေးရအောင်လို့ဖြစ်လိမ့်မည်၊၊ အံ့ကျူးခံ့ခိုင်တစ်ယောက် သူ့ကိုမတွေ့ရဲလောက်အောင်ထိ တကယ်ပဲကြောက်နေခဲ့တာလား။

"အယ်! ဘုန်းမာန် မပြေးနဲ့ကွ''

"ချော်လဲနေမယ်ကွ၊ မောင်ဖိုးဝရ''

"ဟိ..ဟိဟိ''

Mansion ရှေ့ကရေပန်းဝိုင်းကိုကားကလှည့်ပတ်မောင်းပြီး မျက်နှာစာရှေ့မှာတခမ်းတနားထုတ်ကာဆောက်ထားသည့်ပေါ်တီကိုအောက်မှာကားကရပ်သွားသည်။ ခေါင် ကားပေါ်ကဆင်းပြီး တိုက်ထဲကိုမဝင်ဖြစ်ဘဲ ကားပေါ်ကစောနကအသံတွေကြားရာဆီကိုခြေဦးလှည့်လိုက်၏။

ဒီခြံမှာ အဆောက်အဦးတွေအများကြီးရှိသည်။ ခေတ်မီဒီဇိုင်းတွေနဲ့classicဆန်ဆန်ဆောက်ထားသည့် mansion က ခြံဝန်းထဲကတော့ ပင်မစံအိမ်ကြီးလိုမျိုးအကြီးဆုံးဖြစ်ကာ ရှေ့မှာရေပန်းဝိုင်းကြီးတစ်ခုရှိပြီး ကားပတ်လမ်းရဲ့ဘေးမှာ စိမ်းစိုနေတဲ့မြက်ခင်းပြင်တုနဲ့ ရေကူးကန်ကျယ်ကြီးရှိသည်။ နောက်ပြီး ရေကူးကန်နဲ့တိုက်ရိုက်ဆက်ကာ ခေါင့်စိတ်တိုင်းကျဆောက်ထားသည့် မှန်အကြည်တွေနဲ့ နှစ်ထပ် Luxury villaအဆောက်အဦးလည်းရှိသည်။

Mansionရှေ့မျက်နှာဆုံးအောင်ထိဘေးကိုလျှောက်လာပြီး ကြည်ပြာနေသည့်ရေကူးကန်ကိုဘွားခနဲမြင်လိုက်ရသည်။ ထို့နောက် ရေကန်စပ်နားမှာ ကလေးကို လက်နှစ်ဖက်နဲ့ပွေ့ချီထားသည့်လူကိုပါတဆက်တည်းတွေ့လိုက်ရ၏။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now