P~11 (U)🔥

4.8K 237 9
                                    

နားထဲကအသံကတဖြည်းဖြည်းပိုကျယ်လာသလို သေသေချာချာဝေခွဲမိပြီး ဘာမှန်းသိမိတာနဲ့ ကလေးနိုးမည်စိုးကာ အာရုံကြောတွေရုန်းကန်မှုကိုပိုအားစိုက်ထုတ်လိုက်ရသည်။

"အာ့.. ကျစ်!''

မျက်လုံးတွေကိုမပွင့်ပွင့်အောင်ဖွင့်ရင်းBedsideဗီရိုပေါ်ကတဒီးဒီးမြည်နေသည့်ဖုန်းကိုမနည်းလက်လှမ်းယူရသည်။ ဒီအချိန်ကြီးဘယ်သူခေါ်လဲမကြည့်နိုင်အား။ အမြင်အာရုံဝိုးတဝါးရှေ့က အစိမ်းရောင်ဖုန်းကောလ်လေးကိုပဲထိလိုက်ရကာ...

"ဟဲလို ဘယ်သူလဲ''

အိပ်ချင်မူးတူးအသံနဲ့ အံ့ကျူးအသံက လေးဖင့်ဖင့်။

"Villaဘက်လာခဲ့''

"ဟင်''

ခပ်ပြတ်ပြတ်အသံကြောင့်ဘယ်သူမှန်းသိလိုက်တာနဲ့ နားမှာကိုင်ထားသည့်ဖုန်းမျက်နှာပြင်ကို မနည်းပြူးပြဲပြီးပြန်ကြည့်တော့ Name typeမထားသည့်ခေါင့်ဖုန်းနံပါတ်။ တန်ဖိုးကြီးသည့်ဖုန်းဆင်းကဒ်မှန်းသိသာစေသည့်နံပါတ်တူဂဏန်းတွေအများကြီးနဲ့။ ကိုယ်သတိမထားမိချင်ရင်တောင် ကိုယ့်ဖုန်းစပ်ခရင်ပေါ်မြင်ရခဲသည့် ဒီတူညီသည့်နံပါတ်တွေက အားလုံးပေါင်းမှ သုံးမျိုးတောင်ရှိပါလေစ။

ကြည့်နေတုန်းပဲတိကနဲချသွားသည်။ ကျစ်!
ဘာလဲကွာ၊ ညဥ့်နက်နေပြီ၊ ဒီကောင်။

ထပ်ဖုန်းခေါ်ကြည့်တော့ မကိုင်တော့။ ဖုန်းကိုmuteလုပ်ပြီး ကလေးစောင်လွတ်မလွတ်ကြည့်ကာ ပြန်အိပ်ဖို့ပြင်လိုက်လျှင် အခန်းတံခါးခေါက်သံထွက်လာ၏။ တန်းထပြီး ချက်ချင်းတံခါးဖွင့်ပေးလိုက်လျှင် ထင်ထားသည့်အတိုင်း မကေပင်။

"ခေါင်ခေါ်နေတယ် ကိုအံ့ကျူး''

မကေက ညအိပ်ဝမ်းဆက်ဘောင်းဘီရှည်အကျႌရှည်နဲ့သေသေသပ်သပ်ပင်။ မျက်နှာက အံ့ကျူးလို အိပ်ချင်စုန်ဖွားပုံစံမျိုးမရှိ။ ဒီအချိန်ထိ အိပ်ပဲမအိပ်ရသေးတာလား။

"ညဥ့်နက်နေပြီ မကေ၊ ဒီအချိန်ကြီး သူက ဘာလို့ခေါ်တွေ့ရတာလဲ''

မသွားချင်လို့ မကျေမလည်ပြန်ပြောတော့ မကေမျက်နှာက ခပ်တည်တည်နဲ့ ကိုယ်နေရာကမရွေ့မချင်း ဘာမှတုံ့ပြန်မှုရှိမည့်ပုံမျိုးမဟုတ်။ ရက်အနည်းငယ်ကြာနေလာပြီမို့ မကေအကြောင်းလည်းသိမိသည်။ မကေက သူ့အိမ်ကအလုပ်သမားမို့ သူခိုင်းတာလုပ်ရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။ နောက်ပြီး မကေက ခေါင်စကားကလွဲပြီး ဘယ်သူ့မှအရေးမစိုက်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now