P~12 (U)

2.3K 195 18
                                    

"ခင်ဗျားတို့က THORNလက်အောက်ကနေ သေချာခွဲထွက်သွားပြီလား၊ သူေဋ္ဌးဦးရိုးနောင်ကိုတော့ အရင်ကတည်းကယုံကြည်ခဲ့ပေမဲ့ အခုသူမရှိတော့ ခင်ဗျားနဲ့လက်တွဲမဲ့ကိစ္စကို ကျုပ်တို့ဘက်ကသေချာစဉ်းစားကြည့်ရဦးမယ်၊ သိပ်မယုံကြည်ရဲသေးဘူး''

ပြောလိုက်တဲ့လူက ဗွင်းဗွင်းရှင်းရှင်းပေမဲ့ ပြောခံလိုက်ရတဲ့လူက ရင်ထဲအောင့်ခနဲ။ ဥပဓိရုပ်ကောင်းပါတယ်ဆိုတဲ့ ရုပ်ဆင်းအဂါၤထက် ထပ်လောင်းထားတဲ့ကိုယ့်စွမ်းဆောင်ရည်တွေကို တကယ်ပဲ သူတို့မမြင်ချင်ယောင်ဆောင်ခဲ့ကြတာလား။ မယုံကြည်ပါဘူးဆိုတဲ့စကားတစ်ခွန်းပြောထွက်လာသည်ထိ ချွတ်ယွင်းနေတာသူတို့ဦးနှောက်တွေလား၊ ကိုယ့်အရည်အချင်းတွေပဲလားပြန်မဆန်းစစ်နိုင်သေးဘဲ လည်ချောင်းဝမှာဆို့တက်လာတဲ့ဒေါသနဲ့မာနတွေကိုပြန်မျိုချလိုက်ပြီး

"ကျွန်တော့်တို့ဘက်ကိုအပြည့်အဝယုံကြည်လို့ရပါတယ်၊ ပရောဂျက်အတွက်ပါမဲ့ရှယ်ယာအတိုင်းပြန်ရမဲ့အကျိုးအမြတ်က ကျွန်တော်ပြောထားခဲ့တဲ့အတိုင်းဟန်ဒရက်ပါစင့်ပါ၊ ဘာမှချွတ်ချော်မှုမရှိအောင် ကျွန်တော်တို့ဘက်ကအကောင်းဆုံးဆောင်ရွက်သွားမှာပါ''

"THORNကရော ပတ်သက်မှုရှိလားဗျ''

"အဲ့ဒါက THORNက နောက်လုပ်မဲ့ပရောဂျက်တွေမှာ ပါဝင်ဖို့ရှိပါတယ်၊ ကျွန်တော်တို့ဘက်နဲ့ဆွေးနွေးဆဲပါ၊ ပါဝင်ဖို့အလားအလာလည်းရှိပါတယ်ဗျ''

"အဲ့ဒါဆို နောက်မှစကားဆက်ပြောကြတာပေါ့''

"ဒါပေမဲ့..''

တိကနဲပြတ်တောက်ကျသွားတဲ့ဖုန်းကြောင့် တေဇ  တက်တစ်ချက်ခေါက်ပစ်လိုက်သည်။ စိတ်အလိုမကျမှုကြောင့် မျက်မှောင်တွေကုတ်ရင်း ဇိုးကြီးဘက်ကိုလှည့်ကြည့်တာဆတ်ကနဲ။ ဇိုးကြီးက မျက်နှာငယ်နှင့် မျက်တောင်တစ်ချက်ခတ်ပြီးမှ

"ကျွန်တော် ကိုယ်စားလှယ်ကိုထပ်လွှတ်...''

"ဦးနှောက်မရှိဘူးလား၊ ငါနဲ့တောင်ပြောလို့မရတဲ့ကိစ္စကို မင်းကိုယ်စားလှယ်တွေကဘာသွားလုပ်မှာလဲ တောက်!ဘယ်နေရာမှာသုံးစားမရတဲ့ကောင်တွေ''

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now