P~15 (U)

4.3K 286 71
                                    

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့။ အံ့ကျူး ဘုန်းမာန်နဲ့အတူရေမိုးချိုးပြီးတာနဲ့ သေချာဝတ်စားကာမြို့ထဲဆင်းလာခဲ့လိုက်သည်။ ခေါင့်အိမ်ကကားနဲ့ဖြစ်ကာ လိုက်ပို့ဖို့ပြောတော့ ဒရိုင်ဘာကကြည်ကြည်သာသာပဲလက်ခံပြီးလိုက်ပို့ပေးသည်။

ကားပေါ်ရောက်တာနဲ့ အရင်ဆုံး ပြင်နေဆဲဆိုင်ခန်းကိုမောင်းပို့ခိုင်းရသည်။ ဆိုင်ခန်းကအားလုံးနီးပါးပြီးကာနီးပြီဖြစ်သည်။ အခါရက်ပြီးတာနဲ့ ဆိုင်ပြန်ဖွင့်ဖို့စီစဉ်ပြီးသား။ လတ်တလောကိုတော့ ကိုယ့်ဆီမှာဝယ်သူတွေကို လိုင်းပေါ်ကနေပဲရောင်းပေး၊ ပို့ပေးနေတာဖြစ်သည်။ ဆိုင်ကိုဝင်ကြည့်ပြီးပြန်လာတော့ ဖေဖေရှိရာဆေးရုံသို့ဝင်လာခဲ့လိုက်၏။ ဒီနေ့ဖေဖေ့ရဲ့ဆေးရုံစရိတ်သွင်းဖို့ အံ့ကျူးဆုံးဖြတ်ထားပြီးသားဖြစ်သည်။

"သားငယ် ဖိုးဖိုးကိုကန်တော့မယ်လာ''

"အွန်း''

အညိုနဲ့ရွှေအိုရောင်ပုဆိုးကွက်စိပ်လေးဝတ်ထားတဲ့ဘုန်းမာန်က အခန်းထဲလှည့်ပတ်ကြည့်ပြီး အံ့ကျူးနားရောက်လာသည်။

"ဒီမှာထိုင် သားငယ်''

အံ့ကျူးလက်ပုတ်ပြတဲ့နေရာမှာ အံ့ကျူးလိုပဲ ကျုံ့ကျုံ့လေးလိုက်ထိုင်သည်။ အံ့ကျူး ဘုန်းမာန်လက်ဖဝါးလေးတွေကို လက်အုပ်ချီပြင်ပေးလိုက်ပြီး

"ဖိုးဖိုးကိုကန်တော့ကြရအောင်နော်၊ ဦးငယ်ပြောတာလိုက်ဆိုနော်''

"အွန်း''

"သားသားဘုန်းမာန်ကျူးရင့်က''

"တားတားဘုန်းမာန်ကျူးရင့်က...''

"ဖိုးဖိုးကို''

"ဖိုးဖိုးကို..''

"သီတင်းကျွတ်ကန်တော့ပါတယ်ဗျ''

"တင်းကျွတ်ကန်တော့ပါတယ်ဗျ''

"အား သားငယ်ကတော်တယ်ကွာ၊ ဖိုးဖိုးကိုဦးချနော်''

ဦးချလို့ကြားလိုက်တာနဲ့ နဂိုအကျင့်ရှိပြီးသားဘုန်းမာန်က လက်အုပ်လေးချပြီးကန်တော့သည်။ အံ့ကျူးလည်း ဖေဖေ့အပေါ်ည်ကျူးလွန်ပြစ်မှားမိခဲ့သည်ရှိသော်ခွင့်လွှတ်ပေးဖို့ စိတ်ထဲကတောင်းပန်ပြီး ဦးသုံးကြိမ်ချလိုက်သည်။ ရဲရင့်ကတော့ သူတို့နှစ်ယောက်နဲ့ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်ရှိနေကာ မျက်နှာခပ်ပြုံးပြုံးနဲ့ကြည့်နေသည်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now