P~16 (U)

1.8K 158 32
                                    

"ကျုပ် ခင်ဗျားဘဝတစ်ခုလုံးကိုလိုချင်တယ် အံ့ကျူးခံ့ခိုင်''

အပူတွေကြားက ရင်ထဲတစ်မျိုးတစ်မည်ခံစားသွားရတာကို လျစ်လျူရှုပြီး ခေါင့်မျက်ဝန်းတွေထဲအဖြေရှာသလို အံ့ကျူးက သေချာစိုက်ကြည့်သည်။ ဝေခွဲမရနိုင်ဘဲ ခေါင့်မျက်ဝန်းတွေကိုပဲ မှင်သက်ကာ အံ့ကျူး ဆက်မော့ကြည့်နေမိလျှင်

"သူများတွေလို ချစ်လှပါရဲ့၊ ကြိုက်လှပါရဲ့ဆိုပြီး ဘဝတစ်ခုလုံးတွေအပ်နှင်းဖို့တောင်းနေတာမဟုတ်ဘူးနော်၊ ကျုပ်ပြောတာက''

စကားစကိုဖြတ်ပြီး အံ့ကျူးအကြည့်ကိုနားလည်သလို ခေါင်က
မချိုမချဉ်အကြည့်မျိုးနဲ့ မသိမသာပြုံးသည်။ ထို့နောက် အံ့ကျူးမျက်နှာနဲ့ပိုနီးအောင် သူ့မျက်နှာရှေ့တိုး ငုံ့ချလိုက်ကာ

"ကျုပ်ထားရာနေ၊ စေရာသွားရမဲ့ဘဝမျိုး''

ထပ်ပြောပြီး ခေါင်ကမျက်နှာပြန်တည်ပစ်လျှင် အံ့ကျူးက အကြည့်လွှဲရင်း ပင့်သက်ရှိုက်၏။

ခေါင်ပြောတာကို အံ့ကျူးသဘောပေါက်သည်။ နဂိုကတည်းက တဆင့်ပြီးတဆင့် ဒီလိုတွေထိယုတ်မာလာမည်မှန်းလည်းကြိုတွေးထားပြီးသား။ တနေ့နေ့တချိန်ချိန်မှာ လုပ်ကွက်တွေနဲ့ ဒီလိုနင်းပြားလုပ်မှာကိုလည်း ရိပ်မိပြီးသားဖြစ်သည်။

သူနဲ့မလွတ်ကင်းနိုင်သည့်ဘဝမှာ သူဖန်တီးသမျှဇာတ်ကွက်တိုင်းမှာပါဝင်ဖို့က သူပြောသလို တကယ်ပဲအံ့ကျူးရဲ့ကံကြမ္မာဖြစ်နေတာလား။

အံ့ကျူးမှာ ဘုန်းမာန်ကိုအရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးရမည့်တာဝန်ရှိသည်။ အရင်ကဆို ကိုယ့်မျက်စိအောက်မဟုတ်ဘဲ တခြားတစ်နေရာရာမှာ ဘာတစ်ခုမှအဖြစ်ခံဖို့စိတ်ချမထားနိုင်ခဲ့။ ထိုစဉ်ကတည်းက ဖြစ်ခဲ့ရင်ဆိုပြီးတွေးကြည့်ခဲ့တာတောင် စိတ်ကူးနဲ့တင် ရင်ထဲဖြေသိမ့်နိုင်စွမ်းမဲ့ခဲ့သည်။

အခုလည်း ရင်ဘတ်ထဲ စူးနင့်နေတာ အသက်တစ်ချက်ရှူတိုင်းမှာ ကလေးကို စိုးရိမ်ပူပန်မှုတွေနဲ့သောကတွေတန်းစီလိုက်၏။ အခုချိန်မှာ ကလေးကိုပြန်တွေ့ရဖို့ ဘယ်သူဘာတွေပဲတောင်းဆိုခဲ့ပါစေ၊ လိုက်လျောပေးဖို့ပဲအသင့်ဆန္ဒရှိတာက ရင်ထဲကအမှန်တရားဖြစ်သည်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now