နှစ်ဧကကျော်ကျယ်ဝန်းသည့်ခြံဝန်းကြီးဟာအစအဆုံးလှမ်းမမြင်လောက်ရအောင် အကျယ်ကြီးပဲဖြစ်သည်။ Landscape ကောင်းကောင်းနဲ့ပြင်ဆင်ထားသည့်ရှုမောဖွယ်ပန်းခြံတွေလည်းရှိသလို ဒီဝန်းကြီးထဲ အထပ်မြင့်အဆောက်အဦးတွေကလည်း ဒီဇိုင်းမျိုးစုံနဲ့ပုံစံအမျိုးမျိုး။
ခြံဝကSecurity gateကိုကျော်လာပြီးတဲ့နောက် ခြံဝန်းကြီးထဲ လမ်းတစ်ချို့ကိုဖြတ်ကာ အိမ်စီးကားအနက်လေးက ပင်မစံအိမ်ကြီးရဲ့မလှမ်းမကမ်းမှာဆောက်ထားသည့်တစ်ထပ်တိုက်အဖြူရောင်အဆောက်အဦးတစ်ခုရှေ့မှာရပ်သွားသည်။
"ရောက်ပါပြီ ကိုအံ့ကျူး''
ဒရိုင်ဘာအသိပေးတော့မှ ကားနောက်ခန်းမှာထိုင်နေသည့်အံ့ကျူး မှိုင်တွေနေရာက သတိဝင်လာခဲ့သည်။ ကားပေါ်ကမဆင်းခင် အပြင်ကိုကြည့်မိတော့ အခမ်းအနားလုပ်ထားသည့်အဆောက်အဦးထဲ လူတစ်ချို့ဝင်ထွက်မပြတ်ရှိနေကြသည်။
တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တချို့ကလိုက်မမှီလောက်အောင်မြန်ဆန်လွန်းသည်။ သတင်းစကြားမိကတည်းက ပူလောင်သည့်စိတ်နဲ့ငိုကြွေးခဲ့ပြီးပြီဖြစ်လို့ အခုချိန်မှာ ငိုကြွေးဖို့မျက်ရည်တွေသိပ်မရှိတော့ပါ။
အဆောက်အဦးရှေ့နား ဆက်စပ်သည့်ကုမ္ပဏီတွေနဲ့ ခင်မင်သည့်အသိုင်းအဝိုင်းကြီးတွေကပို့ထားသည့် နာရေးအတွက်ထားသည့်ဝမ်းနည်းသည့်ပြယုဒ်ပန်းပင်ကြီးတွေလည်းရှိသည်။ လွမ်းသူပန်းခွေတွေနဲ့ အသုဘအခမ်းအနားဟာ လူတစ်ချို့နဲ့အတူတိတ်ဆိတ်ငြိမ်းအေးလျက်။
ကားပေါ်ကဆင်းပြီး အဆောက်အဦးထဲ ဖြည်းနှေးစွာဝင်လာခဲ့မိသည်။ အခြေအနေတွေကို အံ့ကျူး အခုထိမယုံနိုင်သေး။ ဆိုင်မှာတင်ဖို့ ဘန်ကောက်ကိုပစ္စည်းတချို့သွားဝယ်သည့် ခဏသွားသည့်သုံးလေးရက်အတွင်းကြားလိုက်ရသည့်သတင်းကြောင့် သူ့စိတ်တွေပြိုလဲသွားခဲ့ရသည်။ ဦးနောင်နဲ့မမကာရန်တို့ ညဒင်နာပွဲကအပြန် လမ်းမှာကားအက်စီးဒင့်ဖြစ်ပြီး နှစ်ယောက်လုံးပွဲချင်းပြီးသေဆုံးခဲ့ကြသည်တဲ့။ အများသိသည့်လူချမ်းသာသူေဋ္ဌးမို့ သူေဋ္ဌးဦးရိုးနောင်နဲ့ဇနီး ကားအက်စီဒင့်နဲ့သေဆုံးခြင်းဆိုတဲ့သတင်းက လိုင်းပေါ်ကပေ့ချ်တိုင်းမှာ မမြင်ချင်မှအဆုံးပလူပျံနေအောင်နာမည်ကြီးခဲ့သည်။ အဖြစ်အပျက်တွေဟာမြန်ဆန်လွန်းလှသလိုယုံနိုင်ဖွယ်မရှိ။
YOU ARE READING
ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...
RomanceAbuse typeဖြစ်လို့ adult scenesပါမှာဖြစ်သလို တဖက်စောင်းနင်းအထင်လွဲနှိပ်စက်တာမျိုးတွေရှိမှာပါ။ 18+မို့မဖတ်ရှုခင် ကြိုတင်သတိပေးချင်ပါတယ်။ Credit - Original Cover photo Start- O2, 2021