Part ~21 (U)

815 50 23
                                    

''ကိုယ့်မွေးထားတဲ့သားမို့ ဒီကလေး ဘယ်လိုစရိုက်ဗီဇရှိလဲဆိုတာကိုသိတယ်၊ မျက်စိရှေ့မှာပဲ ကြီးပျင်းလာခဲ့တဲ့ သားအံ့ကျူးရဲ့သိတတ်လိမ္မာမှုကိုလည်း ရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီးသားမို့ ကလေးတွေကိစ္စဆိုသည့်တန် ဒီအခြေအနေမှာ မိဘချင်းအနေနဲ့ ကိုယ်ချင်းစာပြီး မင်းကိုအားနာတယ်''

ကိုယ့်သားကို အဆိုးစာစာရင်းမသွင်းထားပေမဲ့ ဂျစ်တစ်တစ်ဉာဏ်လေးရှိမှန်းကိုသိပြီးသား။ 

နှစ်ယောက်ယှဥ်လိုက်လို့ အဆင်တန်ဆာတွေ ကွဲပြားပါစေ.. ကိုယ်ပေါ်မှာ  တွန့်ကြေနေသည့် ရှပ်အကျီ်အဖြူတစ်ထည်ကတော့ သိသာလွန်းခဲ့တယ်မလား။ 

ဒီဝန်းထဲမှာပဲနေသည်မို့  တစ်ဖက်ကလေးက အဆင်းရောအချင်းပါ ငြိမ်ဝပ်စနစ်ကျသည့်ကလေးမှန်း သူသိပြီးသားပဲ။ 

ဟောင်းတာနွမ်းတာတွေထက် ဒီကလေးရဲ့ဝတ်စားဆင်ယင်ပုံက အမြဲတမ်း သပ်သပ်ရပ်ရပ်ရှိနေတတ်တာမျိုး။

ယောင်လို့တောင် ခြေမလှည့်ဖူးခဲ့သည့် ပန်းရုံကြီးတွေထဲက  ထွက်လာသည့် သားတော်မောင်ကို မြင်လိုက်သည်နှင့် သွားရလာရမဲ့ ကိစ္စတွေကို အာရုံမရောက်တော့သလို

လူက ကားပေါ်မတက်နိုင်တော့ပဲ ဘယ်လိုအရာ ဘာလဲ ဆိုတာတွေနှင့် ''သား''ဆိုပြီး အနားကိုခေါ်မေးလိုက်ဖို့က အရင်ဆုံး။ 

သို့ပေမဲ့ စကားမစခင်မှာတင် နောက်တစ်ယောက်ကလည်း မျက်တောင်တစ်ခတ်မှာ မြင်ကွင်းထဲ ပေါ်လာခဲ့ပြီး သူ့ကိုမြင်လိုက်သည်နှင့် ကျောတစ်ဖက်ကို လက်တစ်ဖက်နဲ့ အသာအုပ်ထားရင်း မျက်နှာပျက်တော့ ....

ဒီကလေးတွေ တစ်ခုခုဖြစ်ထားကြတာ သေချာသွားရလျက်။ 

''ကလေးတွေချင်းကိစ္စမှာ ကျွန်တော့်ဘက်က ဘာမှ စိတ်ထဲထားတာမျိုးမရှိပါဘူး၊ ​​ခေါင်က သားအပေါ် ငဲ့ကွက်ခဲ့တာတွေကိုလည်း ကျွန်တော်သိပါတယ်၊ ဘယ်လိုအကြောင်းအရာက စဖြစ်လဲ မေးမရပေမဲ့ သူတို့ကြား ကလေးသဘာဝကတောက်ကဆရှိပုံပါပဲ အိမ်ရောက်ရင်  ကျွန်တော်သေချာမေးကြည့်ပြီး ဆုံးမသွန်သင်ပါ့မယ် သူဌေး''

ဖေဖေ့စကားကြောင့် ဆိုဖာပေါ် ကျုံ့ကျုံ့လေးထိုင်နေသည့် အံ့ကျူးကိုယ်လေးက မတ်ခနဲ။ ငဲ့ကွက်ခဲ့တာ...အဲ့ကောင်လေးက ဘာတွေကို ငဲ့ကွက်ခဲ့ရတာလဲ။ ဖေဖေ ဘာတွေပြောသွားလဲ သူနားမလည်လိုက်။ 

You've reached the end of published parts.

⏰ Last updated: Jul 30 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now