P~19 (U)

1.4K 83 10
                                    

"ကိုယ်တို့ မြစ်ကမ်းဆိပ်ဘက်သွားရအောင်လေ ကျူး၊ ဒီလိုအခွင့်အရေးကနောက်တစ်ခါရမှမဟုတ်ဘူး''

"မသွားဘူး...တစ်ခုခုဖြစ်သွားရင်မကောင်းလို့''

"ဘာတွေစိုးရိမ်နေတာလဲ ကျူးရယ်၊ ကိုယ်တို့ကအရွယ်ရောက်နေပြီပဲ၊ အား....ခြေထောက်တွေညောင်းလိုက်တာ''

လမ်းကြားထဲဝင်လာတာနဲ့ ထပ်ညည်းသံကိုကြားလိုက်ရသည်။ လမ်းမတစ်လျှောက် အော်ညည်းလာပေမဲ့ တကယ်ပင်ပန်းလို့ညည်းတာထက် အံ့ကျူးဆီကဂရုစိုက်မှုကိုလိုချင်လို့ တမင်လုပ်ပြနေတာဖြစ်သည်။

"ကျူး ကိုယ် ဘယ်အထိလျှောက်ရမှာလဲ...ကိုယ့်ခြေထောက်တွေလည်းညောင်းလာပြီကွ၊ ဖိနပ်ထောင့်တွေတောင် ပွန်းတော့မယ်''

အကြည့်တစ်ချက်ကြောင့် အသံတိတ်သွားခဲ့ပေမဲ့ မဆုံးနိုင်သေးဘူးသည့် နောက်လမ်းတစ်ခုထဲချိုးချလိုက်တော့ မနေနိုင်တော့လို့ဖြစ်လိမ့်မည်။

ဒီနေ့မှစီးလာသည့်ရှူးဖိနပ်အသစ်က ကတ္တရာလမ်းပေါ်ထင်းနေအောင်သစ်လွင်နေပေမဲ့ တခွင်က အကြာကြီးလျှောက်လာရတာကို နှမြောတသသဖြစ်သလို ခဏခဏငုံ့ကြည့်ရှာ၏။ သူ့အဖေဝယ်ပေးပြီး ဘယ်လောက်တန်ဖိုးရှိကြောင်း တခွင် သူ့ကိုကြွားပြီးသား။

ကိုယ်သာ ပြည့်စုံချမ်းသာတဲ့လူတစ်ယောက်မဟုတ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတော့ အမြဲတမ်းလိုလို ပြည့်စုံချမ်းသာတဲ့လူတွေရှိနေတတ်ကြတာက အံ့ကျူးပဲ တမင်သတိထားမိနေတတ်တာလား။

ဆက်လျှောက်လာရင်း ခြေထောက်တွေညောင်းပြီး ပင်ပန်းနေသည့်တခွင်မျက်နှာကို သနားလာတာမို့

"နည်းနည်းလောက်ဆက်လျှောက်ရင် ရောက်တော့မှာ''

"မင်း ဒီလိုပဲ နေ့တိုင်း လမ်းလျှောက်ပြန်နေကျလား''

"မဟုတ်ဘူး ဖေဖေလာကြိုနေကျ''

"တော်သေးတာပေါ့၊ ကိုယ် မင်းကို သနားမိတော့မလို့''

"အရူး...ဒီလောက်ဝေးတာကို ငါကခြေလျင်လျှောက်ပြန်စရာလား''

သူပြောတော့ တခွင်က ခုမှစဉ်းစားမိသလို မျက်မှောင်ကြုတ်သွားပြီး...

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now