P~8 (U)

2.2K 208 33
                                    

"ကျွန်တော် အထဲဝင်ချင်လို့ပါ''

"ဟို..အဲဒါ့က''

ဂိတ်စောင့်တဲ့လူက ပြောရခက်နေပုံပင်။ ဒီခြံဝန်းကအလုပ်သမားတွေက အရင်လူတွေမဟုတ်တော့တာကြောင့် အံ့ကျူးနဲ့က ဘယ်သူမှရင်းနှီးမနေ။ အိမ်အကူတွေကိုလည်း လူတော်တော်များများထုတ်ပစ်လိုက်သည်ဟုကြားမိသည်။ သူ့ပိုင်တဲ့အိမ်ဆိုတော့လည်း သူလုပ်ချင်ရာလုပ်မှာပေါ့။

"ဘာဖြစ်လို့လဲဗျ၊ ကျွန်တော့်ကိုမဝင်ခိုင်းထားလို့လား''

"ဟုတ်ပါတယ်၊ ခင်ဗျားလာရင် ခြံထဲဝင်ခွင့်မပေးထားလို့ပါ၊ သူေဋ္ဌးကိုယ်တိုင်မှာထားလို့ပါ''

အံ့ကျူးစိတ်ညစ်သွားရသည်။ ဒီလူ သူ့ကိုတော်တော်မုန်းနေတာပဲ။

"အထဲမှာ သူရှိလား''

"ဗျာ...အဲ့ဒါက...''

"ရတယ်...နေတော့''

ဆက်မေးလည်းမရတော့မည်ပုံစံကြောင့် ဂိတ်အဆောက်အအုံဆီကကျောခိုင်းလာခဲ့ရင်း ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ရသည်။ မနေ့ညက နောက်ဆုံးဝင်ထားသည့်သူ့ဖုန်းနံပါတ်ဖိကာ အထွက်ကောလ်ခေါ်လိုက်တော့ ခဏလေးပဲကြာလိုက်ကာ...

"ဟဲလို''

"....''

တစ်ဖက်ကကိုင်လိုက်ပေမဲ့ စကားသံသည်ထွက်မလာ။

"ခေါင်''

သူထပ်ခေါ်လိုက်တော့မှ...

"ဘာလဲ''

စိတ်မရှည်သလို ခပ်ပြတ်ပြတ်အသံထွက်လာလျှင်

"ငါ ခြံထဲဝင်ချင်တယ်''

"ဘာလို့လဲ''

"မင်းသိရဲ့သားနဲ့ထပ်မမေးနဲ့ခေါင်''

"ဒါဆိုလည်း ခင်ဗျားသိရက်သားနဲ့ ထပ်မပြောနဲ့ အံ့ကျူးခံ့ခိုင်''

"ငါ မင်းနဲ့ထပ်ဆွေးနွေးမလို့''

"စာချုပ်ကိစ္စကလွဲပြီး ကျုပ် ဘာမှစိတ်မဝင်စားဘူး''

"စိတ်ချ၊ ငါကလည်း စာချုပ်ကိစ္စပဲပြောမှာ''

"အဟွန်း!ခင်ဗျားကပဲ လာလာချည်းသေး''

ရွဲ့တဲ့တဲ့စကားတစ်ခွန်းအပြီး ဖုန်းကတိကနဲကျသွား၏။ အံ့ကျူး
ဖုန်းကိုကျစ်ကျစ်ပါအောင်လက်ထဲဆုပ်ထားမိရင်း အံကိုတင်းတင်းကြိတ်မိသည်။ သူပြောလို့လည်းပြန်ပြောရသေးသည်။ လူကိုပဲရွဲ့သလိုဖဲ့သလိုနဲ့ ပြန်ပြောသွားသေး၏။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now