P~13 (U)

2K 190 10
                                    

"ဆိုင်ခန်းအတွက် ဒီနေ့မနက်ပဲ စာချုပ်ချုပ်ခဲ့ပြီးပြီ၊ ကျွန်တော်မှန်းထားသလောက်တောင်ဈေးကမြင့်မနေဘူး၊ ကိုဆက်မျက်နှာကြောင့်မို့ထင်တယ်၊ တကယ်ပဲကျေးဇူးတင်ပါတယ် ကိုဆက်''

"မလိုပါဘူး၊ မင်းအဆင်ပြေတယ်ဆိုလို့ ကိုယ်လည်းဝမ်းသာပါတယ်၊ နောက်မှအပြင်မှာအေးဆေးတွေ့ကြတာပေါ့၊ ကိုယ် ချိန်းထားတာလေးတွေရှိလို့၊ နောက်မှဆက်ပြောကြမယ်လေ''

"ဟုတ်ပြီဗျ''

တစ်ဖက်ဖုန်းချသွားပြီးမှ လက်ထဲကဖုန်းကိုနီးရာစားပွဲပေါ်တင်ထားလိုက်သည်။ ကိုယ့်ဘာသာရှာကြည့်သည့်ဆိုင်ခန်းအတွက်အဆောက်အဦးတွေက ထင်သလောက်အဆင်မပြေ။ ကိုဆက်လှမ်းပို့ထားတဲ့နေရာတွေကိုသွားကြည့်မိတော့မှ အဆင်ပြေသလိုလေးတွေ့သည်။ နောက်ဆုံး လမ်းမကြီးနားမှာအချက်အချာလည်းကျ၊ မြေနေရာလည်းကျယ်သည့်အဆောက်အဦးပိုင်းလေးကို ရွေးချယ်လိုက်ရသည်။ ကိုဆက်မျက်နှာနဲ့မို့ ဈေးက ထင်သလောက်မြင့်မသွားခဲ့။

ကိုယ့်အတိုင်းအတာနဲ့သူ့ဈေးက ကိုဆက်မျက်နှာနဲ့မဟုတ်ရင် အပေးအယူမမျှနိုင်ချေ။ ကျေးဇူးကင်းချင်ပါမှ အခြေအနေကမပေးတော့ မျက်စိမှိတ်ဆက်ပတ်သက်ရုံသာ။ နောက်ပိုင်းတွေဘယ်လိုလာမည်မသိ။

ဆိုင်အတွက်ဒက်ကရေးရှင်းပိုင်းတွေပြင်စရာတွေ၊ ဆက်ဖြည့်စွက်စရာတွေကရှိသေးသည်။ ကုမ္ပဏီပိုင်းကို တစ်ပတ်အတွင်း အမြန်ပြီးအောင်အပ်ထားပြီးပြီမို့ ကိုယ်ထည့်သွင့်ရမဲ့ကုန်ပစ္စည်းတွေအဆင့်သင့်ဖြစ်နေရုံပဲလိုတော့သည်။ စင်တာကပြောင်းလာတုန်း ထည့်လာတဲ့အဝတ်အစားဗုံးတွေကို သူ့အမျိုးအစား၊ သူ့ဈေးနဲ့သူဆိုတာတွေကိုပြန်ခွဲပြီး သယ်ရလွယ်အောင် ခဏပြန်စစ်ရသည်။

ပြီးတာနဲ့ အခန်းထဲဝင်ပြီး ကိုယ့်အဝတ်အစားတစ်စုံနှစ်စုံထပ်ယူဖို့ပြင်လျှင် အကျႌတန်းနောက်က ဗီရိုအံဝှက်ကိုအကြည့်ရောက်မိ၏။ အံဆွဲကိုဆွဲဖွင့်လိုက်လျှင် ကိုယ်ဖုံးကွယ်ဝှက်ထားတတ်သည့်အရာတစ်ချို့ကိုတန်းတွေ့လိုက်ရသည်။ ဒါတွေကိုဖွင့်မကြည့်ဖြစ်ခဲ့တာ လေးငါးနှစ်ရှိရော့မည်။ ဒီထဲမှာ မိသားစုအမှတ်တရပစ္စည်းတချို့လည်းရှိသည်။ နောက်ပြီး ရည်ရွယ်ချက်မဲ့ဖွက်ထားသည့်စာအုပ်တစ်အုပ်။ အကြောင်းပြချက်လည်းမဲ့သည်။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now