Key cardဖြတ်လိုက်တာနဲ့ တံခါးကတီကနဲတစ်ချက်မြည်ကာတန်းပွင့်သည်။ ခပ်ဟဟတံခါးကို အထဲတွန်းဝင်ပြီး အထဲကိုတန်းကြည့်မိတော့ လူရိပ်လူယောင်ပင်မတွေ့ရ။ ဖိနပ်အသာချွတ်ပြီး အထဲထိရောက်အောင် တိုးလျှောက်လာကာ မျက်စိရှေ့ကအရာအားလုံးကို တစ်ချက်ဝေ့ကြည့်မိစဉ် အခန်းတစ်ခုဆီက ခပ်သဲ့သဲ့ရေရွတ်သံကိုကြားရ၏။
".....''
တဖျတ်ဖျတ်လွင့်နေသည့်လိုက်ကာစတွေက အထဲက တစ်နေရာရာက လေတိုးဝင်၍ဖြစ်နိုင်သည်။ မတိုးမကျယ်ထွက်လာသည့်ဘုရားစာရွတ်သံဟာ နီးကပ်လာလေ ပိုပီပြင်လေဖြစ်သည်။ condominiumတွေရဲ့သတ်မှတ်ပုံစံအတိုင်း အထဲကပရိဘောဂအသုံးအဆောင်အားလုံးသည် အသစ်လိုနေရာတကျသေသေသပ်သပ်ရှိသည်။ လူနေသည်မထင်ရအောင် မျက်စိရှေ့က မြင်သမျှသည် သစ်လွင်တောက်ပလျက်။
နေရာတစ်ဝိုက်ခဏလျှောက်ကြည့်ပြီးမှ အသံကြားရာ
အခန်းရှေ့မှာရပ်ပြီး လိုက်ကာစကိုအသာလှစ်ဟကြည့်လျှင် ခေါင့်မျက်ဝန်းတွေ ထိုနေရာမှာ စိုက်ကနဲဖြစ်သွားရသည်။လက်အုပ်နှစ်ဖက်ချီရင်း ခပ်ကျုံ့ကျုံ့ထိုင်နေသည့်ပုံစံကို တစ်ခါမှမမြင်ဖူးပါ။ ဟိုတစ်ခါ ဘုရားရင်ပြင်ပေါ်မှာလည်းသတိမထားမိလိုက်။
ဆံနွယ်ရှည်တွေကို ဦးခေါင်းနောက်ဘက်မှာ နှစ်ခေါက်ခေါက်စီးထားသလိုမျိုး ခပ်ထုံးထုံးပုံစံလေးဖြစ်ပြီး မျက်နှာသွယ်သွယ်နဲ့လိုက်ဖက်ကာ ခပ်မတ်မတ်ကိုယ်ဟန်နဲ့ ခေါင်းငုံ့ရိုကျိုးသည့်ပုံစံက ဘေးတိုက်မှာ မြင်လိုက်ရသူကိုအကြည့်မလွှဲဖြစ်စေနိုင်သည်။ ခေါင်ကိုယ်တိုင် ထိုပုံရိပ်ကိုခဏငေးစိုက်ကြည့်နေမိပြီးမှ ကိုယ်ကိုယ့်ကိုအလိုမကျစွာ မျက်မှောင်တစ်ချက်ကျုံ့မိသည်။
ဘုရားရှိခိုးနေသူအပြင် အခန်းထဲမှာ နောက်ထပ်လူလည်းရှိသည်။ တစ်ပေလောက်မြင့်သည့် လေးထောင့်ကုဗတုံးတွေခြံရံသည့်အလယ်မှာ ကစားစရာပစ္စည်းအစုံနဲ့ ခေါင်းလေးဟိုလှည့်ဒီလှည့်နဲ့ဖြစ်ကာ အခန်းဝက သူ့ကိုသတိထားမိပုံမပေါ်။
ရောင်စုံလေးထောင့်ကုဗတုံးတွေကို ကလေးထွက်သွားမှာစိုးလို့အသေအချာစီထားပုံရသည်။ ထိုကလေးကလည်း အစည်းအဝိုင်းလိုဖြစ်နေသည့်ထိုထဲမှာသာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ဆော့ကစားနေကာ ဘုရားရှိခိုးသူကိုလည်း အနှောင့်အယှက်မပေးသင့်မှန်းသိပုံရသည်။
YOU ARE READING
ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...
RomanceAbuse typeဖြစ်လို့ adult scenesပါမှာဖြစ်သလို တဖက်စောင်းနင်းအထင်လွဲနှိပ်စက်တာမျိုးတွေရှိမှာပါ။ 18+မို့မဖတ်ရှုခင် ကြိုတင်သတိပေးချင်ပါတယ်။ Credit - Original Cover photo Start- O2, 2021