"ရတနာ ကိုအံ့ကျူးက တကယ်ချောတယ်နော်၊ အသားအရေလေးဆိုဖြူပြီးနုဖတ်နေတာပဲ၊ ငါ သူ့လိုယောက်ကျာၤးလေးချောတာ ဒီတစ်ခါပဲမြင်ဖူးတယ်''
"အဲ့ဒါတော့မပြောနဲ့...''
ခပ်ကြိတ်ကြိတ်စကားသံအချို့ကြောင့် ခေါင့်ခြေလှမ်းတွေတုံ့သွားသည်။ ပြီးမှခြေတစ်လှမ်းထပ်လှမ်းပြီး အကွယ်ကနေထွက်ကြည့်လျှင် ဒီဘက်ကိုကျောပေးနေသည့်အိမ်အကူကောင်မလေးတွေကိုတွေ့၏။
''...အရင်ကတည်းက ငါ ဒီအိမ်မှာမကြာခဏတွေ့နေတာတောင် အခုချိန်ထိ သူအိမ်လာတိုင်းခိုးကြည့်ရတုန်းပဲ၊ မျက်ခုံးမျက်လုံးလေးတွေများ ကညာရှုံးအောင်လှချက်၊ သူနဲ့အကြည့်ချင်းဆုံရင် ငါ့မှာရင်တွေခုန်ချက်အေ၊ ခုလိုအိမ်မှာနေ့တိုင်းမြင်နေရတာ ငါ့မှာယုံတောင်မယုံနိုင်သေးဘူး''
"အဲ့ဒါပေါ့၊ မိန်းမချောချောတယ်ဆိုတာမျိုးလေ၊ ငွေရောင်ဆံပင်ရှည်လေးကအသက်''
"ဟိ ဟိ''
ကောင်မလေးတွေက နောက်ကိုသတိမထားမိဘဲ ရှေ့ခပ်လှမ်းလှမ်းက kitchenကောင်တာမှာချက်ပြုတ်နေသည့်လူကို
ခိုးကြည့်ပြီးတိုးတိုးပြောနေကြတာဖြစ်သည်။ ဟိုလူကတော့ ဘာတွေချက်ပြုတ်နေသည်မသိ။ ဒီဘက်ကိုကျောခိုင်းပြီး တောင်သွားမြောက်သွားနဲ့အလုပ်ရှုပ်နေ၏။"အိမ်ကြီးသခင်ကတော့ သူနဲ့တခြားစီပဲ၊ သူ့ကိုတော့ ငါ့မှာ ခိုးလည်းမကြည့်ရဲဘူး၊ ချောင်းလည်းမကြည့်ရဲဘူး''
"အတူတူပဲ ရတနာရေ''
ဘယ်အချိန်ကတည်းက ဖော်လိုလိုက်ချင်နေသည်မသိ။ နှာခေါင်းတွေရော၊ ပါးစပ်တွေရောရှုံ့မဲ့ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး သက်သေလိုက်တည်သည်။
"အဟမ်း!''
ဟင်!
ခပ်ကျယ်ကျယ်ချောင်းဟန့်သံကြောင့် ခိုးချောင်ခိုးဝှက်ပြောသံတွေတိတ်ကျသွားပြီး နောက်ကိုအလန့်တကြားလှည့်ကြည့်ကြလျှင် စူးရှနေသည့်ခေါင့်မျက်ဝန်းတွေကြောင့် ကောင်မလေးတွေ လည်ပြန်ကြည့်ရက်ကြက်သေသေသွားကြ၏။ ရတနာက ဒီအိမ်မှာအရင်ကတည်းကနေလာသူဖြစ်ကာ ကျန်တစ်ယောက်က အခုမှအသစ်ဝင်လာတဲ့လူထဲကဖြစ်သည်။
YOU ARE READING
ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...
RomanceAbuse typeဖြစ်လို့ adult scenesပါမှာဖြစ်သလို တဖက်စောင်းနင်းအထင်လွဲနှိပ်စက်တာမျိုးတွေရှိမှာပါ။ 18+မို့မဖတ်ရှုခင် ကြိုတင်သတိပေးချင်ပါတယ်။ Credit - Original Cover photo Start- O2, 2021