P~9 (U)🔥

4.6K 241 17
                                    

"ကိုအံ့ကျူး ခေါင်ခေါ်နေတယ်''

ဘုန်းမာန်ဆော့နေတာကိုကြည့်နေတုန်း မကေ အခန်းထဲဝင်လာသည်။ မကေပြောသံကြားတာနဲ့ ဘုန်းမာန်က လက်ထဲကအရုပ်တွေပစ်ချပြီး အံ့ကျူးပေါ်ပြေးတက်သည်။ အံ့ကျူး ဘုန်းကိုအသာပွေ့ဖက်လိုက်ပြီး မကေဘက်လှည့်ကာ

"ခဏနေမှ လာခဲ့မယ်လို့ပြောလိုက်ပါ၊ ကျွန်တော် ဘုန်းမာန်ကိုသိပ်လိုက်ဦးမယ်''

"အင်း အဲ့လိုပဲပြောလိုက်ပါ့မယ်''

ဘုန်းမာန်ကိုတစ်ချက်ကြည့်ပြီး မကေကအခန်းထဲထွက်သွားကာ တံခါးကိုပိတ်ပေးခဲ့သည်။ ဘုန်းမာန်က မကေပြောတာကိုသေချာနားလည်ပုံပင်။ လိုက်သွားမှာစိုးပြီး ဖက်ထားလိုက်တာ လည်ပင်းကိုကျစ်လို့။

အံ့ကျူး လက်ကနာရီကိုပင့်ကြည့်မိတော့ ညကိုးနာရီထိုးတော့မည်။ ဒီအချိန်က ဘုန်းမာန်အိပ်ရမည့်အချိန်။ ဘုန်းမာန်ကိုကြည့်တော့ အိပ်ချင်သေးပုံမပေါ်သေး။ မနက်ကတခါအိပ်ပြီးပြီမို့ အိပ်ရေးဝနေတာလည်းဖြစ်နိုင်သည်။

"မအိပ်ချင်သေးဘူးလား သားငယ်၊ ညနက်တော့မယ်၊ အိပ်ရအောင်လေ''

"ဟွန့်အင်း''

မကေထွက်သွားတော့မှ လက်တွေဖြည်ပေးပြီးခေါင်းခါသည်။ ကိုယ်ပေါ်ကနေ ဘုန်းမာန်ခွာသွားတာမှ အံ့ကျူး မွှေးပွကော်ဇော်ပေါ်ထိုင်နေရာကထပြီး ဘုန်းမာန်အတွက် အိပ်ယာပြင်ပေးရသည်။ ပြီးလို့ပြန်လှည့်ကြည့်တော့ ဘုန်းမာန်က ကြမ်းပြင်မှာချထားတဲ့ ကစားစရာရထားပတ်လမ်းပေါ်ပတ်ပြေးနေတဲ့ရထားသေးသေးလေးပေါ်ကို ရောင်စုံblockတုံးလေးတွေလိုက်ထည့်နေသည်။ အံ့ကျူး ဘုန်းမာန်နားပြန်သွားပြီး တင်ပလ္လင်ခွေထိုင်ချလိုက်ကာ...

"အိပ်ရအောင်လေ သားငယ်၊ ဦးငယ် ပုံပြင်ပြောပြမယ်''

အံ့ကျူး ပါးဖောင်းဖောင်းလေးနားထိငုံ့ပြောလိုက်လျှင် Blockတုံးတွေကိုစိတ်ဝင်စားနေရာက ဘုန်းမာန်ကဆတ်ကနဲမော့ကြည့်ပြီး မျက်တောင်ရှည်တွေကိုတစ်ချက်ခတ်ကာ ခေါင်းညိမ့်ပြ၏။ အံ့ကျူး ဒူးလေးနှစ်ဖက်ထောက်ကာထိုင်နေသည့်ဘုန်းမာန်ကို ပေါင်တွေအောက်ကနေတစ်ကိုယ်လုံးချီမလိုက်ပြီး

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now