ညသည်အေးချမ်းနေပေမဲ့ လေပြေလေညှင်းတိုက်ခတ်မှုမရှိသည်ကြောင့် မတ်တပ်ရပ်နေရင်းသား အသက်ရှုရကျပ်သလိုခံစားရ၏။ ညအမှောင်ထဲ ခပ်ဝေးဝေးကအထပ်မြင့်အဆောက်အဦးအသီးသီးက အနီ၊အဝါရောင်စုံမီးတွေက ဟိုတစ်ကွက်ဒီတစ်ကွက်နှင့်နေရာမကျဘဲထွန်းလင်းနေလျက်ရှိကာ တစ်ခါတစ်ရံ ရှေ့လမ်းမကြီးထက်ကဆူညံသည့်ကားသံတစ်ချို့ကိုလည်း ရံဖန်ရံခါကြားရတတ်သေးသည်။
အံ့ကျူးက ကွန်ဒိုရဲ့အိပ်ခန်းအပြင်ဘက်ကဝရန်တာမှာရပ်နေတာဖြစ်သည်။ ဝရံတာလက်ရန်းတွေကိုလက်ထောက်မတ်တပ်ရပ်နေရာကနေ မောပန်းလာသလိုခံစားရတာကြောင့် အံ့ကျူး အောက်ကြမ်းပြင်အခင်းပေါ်ကို တဖြည်းဖြည်းထိုင်ချမိသည်။ ဈာပနာအခမ်းအနားပြီးသွားတာ ဒီနေ့နှင့်ဆို နှစ်ရက်ရှိပြီဖြစ်သည်။ ယိုင်လဲပြိုကျသွားတာမျိုးမဟုတ်ပေမဲ့ သံယောဇဉ်တွယ်စရာဆိုလို့ ဒီအမပဲရှိသည့်အံ့ကျူးအတွက်တော့ မထင်ထားလောက်အောင် ဝမ်းနည်းပူဆွေးမှုတွေကတမြေ့မြေ့။
ဆိုင်လည်းပိတ်ထားသည်ဖြစ်ကာ ဒီရက်တွေအတွင်း ပြန်ဖွ
ွင့်ဖို့အစီအစဉ်မရှိသေးပါ။ ဒီရက်ပိုင်းအတွင်း မမရဲ့သားလေးဘုန်းမာန်ကိုလည်း သွားမကြည့်ုဖြစ်။မသွားဖြစ်တာထက် မသွားရဲတာ!ဟင့်အင်း မဟုတ်သေးပါ။ အံ့ကျူး ထိုသူနဲ့ပတ်သက်ဆက်စပ်ရမည်ကိုစိတ်ပျက်လွန်းလို့ဖြစ်သည်။ ထိုနေ့ကပြန်တွေ့ခဲ့ရတော့ မမအတွက်ဝမ်းနည်းမှုတွေကိုပင် ခဏမေ့ပျောက်သွားရလောက်အောင်ထိ ထိုလူရဲ့အကြည့်တွေက သူ့ကိုခြောက်ခြားစေသည်။
မြင်ကွင်းထဲမှာမြင်နေရသည့်မီးရောင်တစ်ချို့နှင့်ညအမှောင်လို အံ့ကျူးရဲ့အတိတ်ကဖြစ်ရပ်အချို့သည်လည်း အမှောင်ဖုံးခဲ့ဖူး၏။ စဉ်းစားမိသည်နှင့်တရေးရေးပေါ်လာသည့်ပုံရိပ်တစ်ချို့ကို ဦးနှောက်ကပြန်မေ့ပျောက်ဖို့ကြိုးစားမိသလို မျက်ဝန်းတွေဖိမှိတ်ချပစ်လိုက်တဲ့အခါ နာကျင်ခဲ့ရသည့်အတိတ်ပုံရိပ်တွေဟာ ပိုပီပြင်လာခဲ့သည်။
မမကိုအောက်မေ့သတိရခြင်းကြောင့် မျက်ဝန်းထောင့်ကမျက်ရည်တချို့စီးကျလာတဲ့အခါ နစ်မွန်းခဲ့ရသည့်အတိတ်တွေဆီ တစ်ခေါက်ပြန်ရောက်သွားခဲ့၏။
YOU ARE READING
ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...
RomanceAbuse typeဖြစ်လို့ adult scenesပါမှာဖြစ်သလို တဖက်စောင်းနင်းအထင်လွဲနှိပ်စက်တာမျိုးတွေရှိမှာပါ။ 18+မို့မဖတ်ရှုခင် ကြိုတင်သတိပေးချင်ပါတယ်။ Credit - Original Cover photo Start- O2, 2021