P~20 (U)

3K 111 30
                                    

"အာ့...ကျစ်!''

နှုတ်ခမ်းကိုအသာတစ်ချက်ကိုက်ပြီး ဦးရေပြားကနာကျင်မှုကိုတောင့်ခံလိုက်သည်။ နောက်ကိုဖျတ်ကနဲလှည့်ကြည့်ပြီး ရှေ့ကိုတန်းပြန်လှည့်လိုက်ပေမဲ့ ကျေနပ်နေသည့်အရိပ်အယောင်တွေနဲ့မချိုမချဉ်မျက်နှာတွေက အာရုံထဲမှာ ခံရခက်စွာကပ်ပါလာ၏။

"နောက်တစ်ခေါက်ထပ်ဆွဲလိုက် ဟျောင့်''

နောက်ဘက်အစွန်က ခပ်တိုးတိုးလေသံက ကိုယ်ကြားရုံလောက်ထိ တမင်ပြောတာဖြစ်သည်။ ပုခုံးနားကဆံပင်ဖျားတွေကိုဆတ်ခနဲဆောင့်ဆွဲခံလိုက်ရချိန်မှာ ပေါက်ကွဲချင်နေသည့်ဒေါသက တာဆူမှတ်ကိုကျော်သွားပြီဖြစ်၏။

"တီချယ်''

ဝုန်းကနဲထရပ်သံနဲ့ အော်ခေါ်လိုက်သံသည် တပြိုင်ထဲ...

ဆရာမရှေ့လှည့်နေတာကို အခွင့်အရေးယူပြီး တီးတိုးပြောဆိုနေသည့်အသံတွေပျောက်သွားပြီး တိတ်ဆတ်ငြိမ်သက်သွားသည့်အခန်းသည် ခဏချင်း သူ့ဆီမှာ အာရုံတွေစုပြုံကျလာ၏။ Whiteboard ကိုစာလှည့်ရေးနေသည့်ဆရာမက သူ့ဆီလှည့်ကြည့်လာကာ...

"ဘာဖြစ်လို့လဲ သား''

"ကျွန်တော် စာရေးနေတာကို နောက်ကကျောင်းသားတွေလာအနှောင့်အယှက်ပေးနေလို့ပါ တီချယ်၊ ကျွန်တော့်ဆံပင်ကို နောက်ကနေလာလာဆွဲနေတာပါ၊ အတန်းဝင်ကတည်းက နှစ်ခါသုံးခါမကတော့ပါဘူး''

ကိုယ်သည်းခံပြီးပြီဖြစ်ကြောင်းကိုပါ ဆရာမကို တခါတည်းသိစေလိုက်သည်။ ဆရာမက whiteboardရှေ့က ခုံပေါ်ကနေ အံ့ကျူးအကြည့်လားရာနောက် အပေါ်စီးကနေလိုက်ကြည့်ပေမဲ့ တိုင်တန်းတာကိုမကြိုက်သလို စိတ်ရှုပ်သွားသည့်အမူအယာတွေဟာ မျက်နှာပေါ်မှာ အထင်းသား။

သို့ပေမဲ့လည်း အံ့ကျူးနောက်ကကောင်တွေကိုမြင်လိုက်ရတော့ ဆရာမမျက်နှာက တမုဟုတ်ချင်းပြောင်းလဲသွားကာ..

"စတီဗင်တို့လား၊ သားတို့က ဘာလို့သူများကိုသွားစကြရတာလဲကွယ်၊ သူငယ်ချင်းအချင်းချင်းကို''

ကိုင်လက်စစာအုပ်ကိုပိတ်ကိုင်ရင်း အံ့ကျူးတို့နားလျှောက်လာသည်။ မာန်ထန်လိုခြင်းအလျဉ်းမရှိသည့်ဆရာမရဲ့ပုံစံကြောင့် အံ့ကျူး နားမလည်ဖြစ်နေဆဲ။

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now