P~5 (U)

2.5K 230 25
                                    

သုံးနာရီကျော်ကြာ စိတ်ရှုပ်အောင်ထိုင်ခဲ့ရတဲ့ရှယ်ယာရှင်အ
စည်းအဝေးပြီးသွားတဲ့နောက် ခေါင် ဒယ်ဒီ့အရင်ရုံးခန်းရှိရာကိုလျှောက်လာခဲ့သည်။ နောက်မှာမြတ်မင်းပါပြီး မြတ်မင်းကဖိုင်တစ်အုပ်နဲ့ လက်တစ်ဖက်က ခေါင့်အပေါ်ကုတ်ကိုဂရုတစိုက်ကိုင်ပြီး ခေါင့်နောက်က ထပ်ချပ်မကွာလိုက်လာခဲ့သည်။

ခေါင် ရုံးခန်းမရောက်ခင် ဋ္ဌာနကဝန်ထမ်းအလုပ်စားပွဲတွေနားကဖြတ်သွားသည်နှင့် ဝန်ထမ်းတွေကအလုပ်လုပ်ချင်ယောင်ဆောင်သလိုလိုနဲ့ ခေါင်းတွေတငုံ့ငုံ့နဲ့ ခေါင့်ကိုမသိမသာခိုးကြည့်ကြသည်။ ပုန်းလျှိုးကွယ်လျှိုးချောင်းကြည့်၊ငေးကြည့်ကြပေမဲ့ ဘာသံမှတော့မထွက်ရဲကြ။ ခေါင် သူတို့ကိုဂရုမစိုက်တာသေချာသည်နှင့် မှန်အကြည်တွေကနေတဆင့် ခေါင် ရုံးခန်းထဲဝင်သွားသည့်လမ်းကြားထဲရောက်သည်ထိ ကိုယ်တစ်ပိုင်းလောက်ထပြီး မသိမသာကြည့်သူတွေနဲ့ မတ်တပ်ရပ်ပြီး သိသိသာသာလိုက်ကြည့်သူတွေကကြည့်သည်။

ဘော့စ်အသစ်မို့ စိတ်ဝင်စားကြတာရော၊ သူေဋ္ဌးဦးရိုးနောင်ရဲ့နာမည်ကြီးသည့်သားအဖြစ်ကိုရော စိတ်ဝင်တစားစူးစမ်းကြတာဖြစ်သည်။ မနက်ရောက်လာကတည်းက သြဇာပြည့်ဝကာမာန်ပါသည့်အသံသြရှရှနဲ့ ဝန်ထမ်းတွေအားလုံးကို နှုတ်ဆက်ပြီးပြီဆိုပေမဲ့ တစ်ခါတွေ့ပြီးတာကို ဘယ်သူမှအားမရကြ။ အထင်ကြီးတာကြောင့်ရော၊ ကြည့်ကောင်းသည့်ရုပ်ရည်ရောကြောင့်ပါ သူတို့အကြည့်တွေ ခေါင့်နောက်ကျောပြင်မှာ စုပြုံကပ်ငြိနေကြကာ အသက်နှစ်ဆယ့်ခြောက်ဆိုတဲ့ငယ်ရွယ်တဲ့ဂုဏ်နဲ့ ယောကျာၤးဆန်ပြီးခန့်ညားကာ အနည်းငယ်တည်သည့်မျက်နှာထားကြောင့် သူတို့အားလုံးခပ်လန့်လန့်တော့ဖြစ်သည်။ နောက်ပြီး ဘော့စ်ကမျက်နှာထားမာပေမဲ့ ဋ္ဌာနကမိန်းကလေးတွေအမြင်မှာတော့ လုံးဝကြွေဆင်ကြီးဖြစ်သည်။

"ဘော့စ်က မာနကြီးမဲ့ပုံပဲဟ''

ရုံးခန်းဘက်သွားသည့်လမ်းချိုးထဲ ခေါင်ဝင်သွားမှ သီတာကစကားစသည်။ သီတာက အဖွဲ့ရဲ့စီနီယာတွေထဲကတစ်ယောက်ဖြစ်ပြီး အခွင့်ရှိသည့်သူမစကားစတာနဲ့ လဲ့လဲ့နဲ့ပန်းအိတို့ကလည်း ဆုံလည်ခုံတွေနဲ့တန်းရွေ့လာကာ အနားကိုကပ်သွားကြပြီး လဲ့လဲ့က ဆက်ကာ..

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now