P~18 (U)

2.3K 153 51
                                    

"ကိုခေါင် အိမ်မှာမရှိပါဘူး၊ ကုမ္ပဏီမှာပါ၊ ကိုအံ့ကျူးတွေ့ချင်ရင် ကုမ္ပဏီကိုလိုက်သွားလိုက်ပါ''

အိမ်ကိုလိုက်သွားတော့ မတွေ့ပါ။ ဒီနေရာကိုသိပေမဲ့ မမရှိစဉ်ကတည်းက တစ်ခါမှမရောက်ဖူးခဲ့။ ရောက်ဖို့အကြောင်းအရာလည်းမရှိခဲ့တာဖြစ်သည်။ ဆလိုင်းလမ်းညွှန်မှုကြောင့် သူရှိရာ အထပ်မြင့်အဆောက်အဦးရှေ့ရပ်မိချိန်မှာ ဦးနှောက်ထဲမှာစကားလုံးတွေစီနေရသည်။

ဒီအရွယ်ရောက်ကာမှ သူနဲ့တွေ့ပြီး စကားတွေ မပြောသင့်၊ ပြောသင့်တွေ ချင့်ချိန်စဉ်းစားရသည်။ မနေ့က ဘုရားရှိခိုးပြီးချိန်မို့ စိတ်ကြည်လင်နေခဲ့တာ ကိုယ့်ဘာသာပဲသိသည်။ သူ ကိုယ့်အိမ်ထဲရောက်လို့ ဒေါသထွက်မိပေမဲ့ ခါတိုင်းအကြိမ်တွေကလို ရင်ထဲမှာဒေါသတွေဝုန်းဒုန်းကြဲနေတာမျိုးမဟုတ်ခဲ့။

သူ စာအုပ်ကိုင်နေတာကိုမြင်ပြီး ဘယ်နားနေမှန်းမသိတဲ့စကားတွေတောင်ပြောထွက်ခဲ့သေးသည်။ ဒီလောက်မုန်းသည့်လူကို အံ့ကျူး ဘယ်လိုတွေတောင်ရယ်စရာကောင်းအောင်မေးခဲ့တာလဲ။

ရယ်စရာဟာသကြီးအဖြစ် ကိုယ့်ဘာသာ အခုမှသတ်မှတ်မိပေမဲ့ ထိုအချိန်က သူတုံ့ပြန်ချက်က အံ့ကျူးကိုအနည်းငယ်တော့အံ့အားသင့်စေခဲ့သည်။

ကိုယ်ပြောလို့မပြီးခင် သူတစ်မျိုးတွေးမိသွားတာကို ပြန်ဖြေရှင်းချင်သလို ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စအတွက် အံ့ကျူးမှာပြောစရာတွေအများကြီးရှိသည်။ နောက်ပြီး အံ့ကျူးအလဲအလှယ်လုပ်ခဲ့တဲ့ဘဝက သူတစ်ယောက်နဲ့ပဲ။

"ခဏထိုင်စောင့်ပေးပါရှင့်''

ဝန်ထမ်းကောင်မလေးက သူ့ကိုနေရာချထားပေးပြီး အခန်းထဲကပြန်ထွက်သွားသည်။ ဆလိုင်းပြောထားပုံရသည်။ သူ့ကိုဖုန်းဆက်မရ၍ အိမ်လိုက်သွားမှ ဆလိုင်းကိုပဲတွေ့ရသည်။ မနေ့ညနေကတည်း အံ့ကျူး သူနဲ့တွေ့ရဖို့ကြိုးစားနေခဲ့ခြင်း။ ဒီနေ့နေ့လည်ထိ ဘယ်နေရာမှာမှ သူ့အရိပ်အယောင်ကို အံ့ကျူးမတွေ့ရသေးပါ။

"လေယာဉ်ကဘယ်အချိန်လဲ''

"ညနေလေးနာရီပါဗျ၊ နေ့လည်နှစ်နာရီက Greenhouse
စူပါမားကတ်ဖွင့်ပွဲရှိပါတယ်၊ ရှယ်ယာဝင်ဦးမြင့်ကျော်တက်မှာမို့ အဲ့ပွဲက ကိုခေါင်မသွား...''

ရင်ခုန်သံတွေ ရယ်ခိုးဖွဲ့လို့ ဒိုင်ယာရီထဲခုန်ဆင်းသွားတဲ့အမုန်းတွေ...Where stories live. Discover now