1;Koo Kooကအဖီးလ်တစ်လိုင်း

4K 285 20
                                    

Unicode & Zawgyi

Unicode

"​မင်းနဲ့ပြတ်ပြီ"

ဒါပဲလား။သုံးနှစ်ကျော်လောက်အတူဖြုန်းတီးခဲ့တဲ့အချိန်တွေဟာပြတ်ပြီဆိုတဲ့စကားလေးနဲ့အတူပြီးဆုံးသွားပါပြီ။

ဘာလို့လဲ။အဲ့ဒီနောက်လူဟာဘယ်လောက်တောင်မှ​ကောင်းလို့လို့သိပ်ချစ်ပါတယ်ဆိုတဲ့ကိုယ့်ကိုတောင်ပစ်နိုင်ရတာလဲ။

နင်သိရဲ့လား။နင်မရှိတဲ့နောက်ပျက်စီးပြိုလဲနေတဲ့ငါ့ခန္ဓာကိုယ်နဲ့စိတ်အစုံကို။မြင်မှမြင်ရလား။နင်မကြိုက်တဲ့စီးကရက်တွေအထိသောက်နေပေမယ့်ဆူပူနေမယ့်နင်ကတော့မရှိတော့ဘူး။

နင်မရှိတဲ့နေ့ရက်တွေကိုရောငါတစ်ယောက်တည်းဖြတ်သန်းနိုင်လိမ့်မယ်လို့ထင်ခဲ့ရင်မှားသွားမှာပေါ့။ငါဆိုတဲ့ကောင်ကလေနင့်ကိုလောကကြီးလို့သတ်မှတ်ထားတာ။တစ်လောကလုံးကကျောခိုင်းနေရင်တောင်ငါကနင်ရှိရာကိုမျက်နှာမူပြီးရှင်သန်နေမှာ။

တွေးရင်းတွေးရင်းတုန်ရီလာတဲ့သူ့လက်တွေကလက်ထဲကဝီစကီခွက်ကိုတောင်မြဲအောင်မကိုင်တော့။ပြုတ်ကျသွားတဲ့ဖန်ခွက်ခွဲလေးကဟိုတစ်စဒီတစ်စ။အတန်အသင့်ကြီးတဲ့ဖန်ကွဲစကိုကောက်ယူလိုက်ပြီးစိုက်ကြည့်နေမိသည်။

တကယ်လို့ဒီဖန်ကွဲစလေးကငါ့အသားပြင်ကိုလှီးပြီးသွေးကြောလေးကိုဖြတ်လိုက်ရင်ထွက်လာမယ့်သွေးတွေကမင်းရဲ့အမုန်းတွေလောက်လှမှာလား။

လက်ကောက်ဝတ်ပေါ်ရောက်နေတဲ့ဖန်ကွဲစကိုအားနဲ့ဆွဲလိုက်တော့စီးကျလာတဲ့သွေးစနီနီ။အင်း....မင်းရဲ့နှုတ်ခမ်းလေးလိုပဲ။နီထွေးနေတာပဲ။

မင်းကငါ့ရဲ့လောကကြီးပဲ။
ငါသေသွားရင်တောင်မင်းဘေးမှာပဲတဝဲဝဲလည်နေဉီးမှာပါချစ်ရသူရယ်။

~~~~~~~~~~~~~~~~~~~~

"Jin hyung~~~~အဟင့်....အီးးးးးဟီးးးးး"

အိမ်အပေါ်ကအဆိုးလေးရဲ့အသံစာစာလေးကြောင့်မပြေးရုံတမယ်တက်သွားမိသည်။အိပ်ရာထဲရောက်တော့တွေ့လိုက်ရပါပြီ။Laptopတစ်လုံးကိုရှေ့မှာချပြီးခန္ဓာကိုယ်ကိုစောင်နဲ့လုံးထားတဲ့အဆိုးလေး။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now