15;Koo Kooကအဖြူထည်လေး

1.8K 186 85
                                    

Unicode & Zawgyi

Unicode

ရင်ဘတ်ပေါ်ကစိုစွတ်စွတ်အထိအတွေ့ဟာဝေးသွားလိုက်၊နီးသွားလိုက်နဲ့အိပ်မက်လိုလိုတကယ်လိုလို။အရမ်းအိပ်ချင်နေတာကြောင့်မျက်လုံးတွေကိုဖွင့်မရ။သို့ပေမယ့်တစ်ဆစ်ဆစ်နာကျင်လာတဲ့ရင်ဘတ်နေရာနဲ့အတူကြားနေရတဲ့ရီသံသေးသေးလေးတွေကြောင့်ဆက်အိပ်ချင်လည်းမရတော့။ဒါကြောင့်မျက်လုံးတွေကိုအားယူကာဖွင့်ကြည့်လိုက်တော့ဆော့ဂျင်ရင်ခွင်ထဲတိုးဝင်နေတဲ့အညိုရောင်ချောကလက်လုံးလေးကိုတွေ့လိုက်ရသည်။ကြယ်သီးအပြည့်တပ်ထားတဲ့ညအိပ်ဝတ်စုံလေးဟာလည်းတစ်စုံတစ်ယောက်ရဲ့ပယောဂကြောင့်အပေါ်ပိုင်းတွေပြုတ်ထွက်နေကာတစ်ဆစ်ဆစ်ကိုက်ခဲနေသည်။ဆော့ဂျင်ထက်အရင်နိုးနေပုံရတဲ့ကလေးဟာလည်ပင်းကိုကိုက်လိုက်၊ရင်ဘတ်ကိုကိုက်လိုက်၊သူကိုက်ထားတဲ့နေရာတွေကိုပါးအိအိလေးနဲ့လိုက်ဖိပေးလိုက်၊ပြန်ကိုက်လိုက်လုပ်နေပြီးရီသံသေးသေးလေးတွေပါထွက်နေသေးတာမို့ဒီနေ့တော်တော်အူမြူးနေပုံရသည်။သူများရင်ဘတ်ကိုကိုက်ချင်သလိုကိုက်ပြီးကျေနပ်နေတဲ့ကူးပေါက်စလေးအလိုကျလွှတ်ပေးထားလိုက်ချင်ပေမယ့်အရှေ့သွားခပ်ကြီးကြီးလေးနှစ်ချောင်းနဲ့ကြိတ်ချေနေတာမို့တစ်ဆစ်ဆစ်နာလာတဲ့ဒဏ်ကိုဆက်မခံနိုင်တော့။ဒါကြောင့်ရင်ခွင်ထဲနှစ်သထက်နှစ်အောင်တိုးဝင်နေတဲ့ချောကလက်လုံးလေးကိုငုံ့မွှေးလိုက်သည်။

"ကိုကို"

"ကိုကိုရှိတယ်ကူး"

ထိုသို့ပြန်ဖြေတိုင်းသဘော​ကျတတ်တဲ့ကူးငယ်ဟာအခုလည်းရီသံလေးတွေထွက်နေပြန်သည်။ရီလို့အားရမှရင်ခွင်ထဲကထွက်လာကာဆော့ဂျင်ရဲ့လက်မောင်းပေါ်ခေါင်းအုံးလာသည်။ထိုခေါင်းလုံး​လုံးလေးကိုလက်တစ်ဖက်နဲ့ပွတ်သပ်ပေးနေလိုက်တော့မျက်လုံးလေးမှိတ်ကာဇိမ်ခံနေတဲ့ပုံကခွေးပေါက်လေးလို။နှာခေါင်းလုံးလုံးလေးကိုပါဆွဲညစ်လိုက်တော့ခါတိုင်းမလိုဟန်ဖြင့်နှာခေါင်းရှုံ့ပြတဲ့ကလေးဟာအခုတော့ရီပြ​လာလေသည်။သေချာသည်။ဒီနေ့ကူးငယ်လေးပျော်စရာတစ်ခုခုရှိနေပြီဆိုတာ။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now