17;Koo Kooကပဲစိန်

1.5K 125 44
                                    

Unicode & Zawgyi

Unicode

"Happy 30th Anniversaryပါ Ommaနဲ့Appa!!!"

အိမ်ရှေ့ဧည့်ခန်းမှာ ပန်းစည်းကြီးပိုက်ကာ ခြေစုံရပ်ပြီး ဂုဏ်ပြုနေတဲ့ကလေးကို Ommaနဲ့Appaဟာ အသည်းယားနေတဲ့မျက်လုံးတွေနဲ့ ပြုံးကြည့်နေလေသည်။မိဘတွေသာမက ကင်မ်အိမ်တော်မှာ ရှိရှိသမျှလူတိုင်းဟာ အသည်းယားလွန်းတဲ့ မျက်လုံးနဲ့ လှမ်းကြည့်နေတာမို့ ဆော့ဂျင်လည်းပျော်ရွင်သွားရသည်။အသည်းယားလည်း ယားချင်စရာပင်။အင်္ကျီအဖြူလက်ရှည်အပွကြီးကို ဂျင်းဘောင်းဘီအပွကြီးနဲ့ တွဲဝတ်ပြီး သူ့တစ်ကိုယ်စာလောက်ရှိတဲ့ ပန်းစည်းကြီးကို ပိုက်ထားတဲ့ကလေးဟာ လွယ်အိတ်လေးပါ လွယ်ထားသေးတာမို့ မူကြိုပြန်လာတဲ့ ကလေးလေးနဲ့တောင်ခပ်ဆင်ဆင်။

"Hyungကိုပေး......Jin hyungကလည်းကလေးကိုဒီလောက်လေးတာကြီးသယ်ခိုင်းတယ်"

ကူးငယ်လေးလက်ထဲက နှင်းဆီအပွင့်တစ်ရာပန်းစည်းကြီးကို လက်ပြောင်းယူနေသော နမ်ဂျွန်းဟာ ဆော့ဂျင်ကိုအပြစ်တင်လာတာမို့ ဘာမှပြန်မပြောနိုင်တော့တဲ့အထိ ဆွံ့အသွားရသည်။တကယ်ဆို အဲ့လောက်ကြီးတဲ့ပန်းစည်းကိုဝယ်ခိုင်းတာလည်း သူတို့ကလေးကိုယ်တိုင်၊ အဝင်မှာသယ်ပေးပါ့မယ်ဆိုတာကို လက်မခံဘဲ ကားပေါ်ကဆင်းကာ အိမ်ထဲကိုတောက်တောက်,တောက်တောက်နဲ့ ပြေးဝင်သွားတာလည်း သူတို့ကလေးကိုယ်တိုင်။ဒါတောင်ကြားထဲက အပြစ်တင်ခံလိုက်ရသေးတယ်။ပြီးတော့ နှင်းဆီပန်းအပွင့်တစ်ရာက ဘယ်လောက်လေးမှာမို့လို့လဲ။ခေါင်းကိုခါယမ်းကာ ဆိုဖာဆက်တီပေါ် ဝင်ထိုင်လိုက်တော့ ommaလက်မောင်းကိုဖက်တွယ်ကာ ချွဲအီနေတဲ့ကလေးဟာ မျက်လုံးလေးကိုတောင်မှိတ်ထားသေးသည်။

"သားပူတူးလေးကြိုက်တဲ့ဟင်းတွေကိုommaကိုယ်တိုင်ချက်ထားတယ်.......စားမယ်မို့လား"

"ဟီးဟီး.....ဒါပေါ့......သားကommaလက်ရာကိုလွမ်းနေတာ"

အမယ်။ဒါတောင်အိမ်ကထွက်မလာခင် ဆော့ဂျင်ဝယ်လာတဲ့ Lemon Cakeနဲ့ Iced Coffeeသောက်လာသေးတာ။ကားပေါ်ရောက်တော့လည်း Snakတွေကို တစ်ထုတ်ပြီးတစ်ထုတ်ဖောက်စားနေပြီး အခုကျတော့လည်း ommaလက်ရာကို လွမ်းနေတယ်ဆိုပဲ။ဟိုလူ့ဖက်လိုက်၊ ဒီလူ့ဖက်လိုက်နဲ့ ကပ်ချွဲနေသော ကူးကူးပေါက်စဟာ နောက်ဆုံးမှာတော့မောသွားဟန်ဖြင့် ဆော့ဂျင်ဘေးနား လာထိုင်လေသည်။ဒါကြောင့် Tissueလေးတစ်ရွက်နဲ့ ချွေးစလေးတွေကို သုတ်ပေးလိုက်ပြီး အိမ်တော်ထိန်းကြီး ချပေးထားတဲ့ လိမ္မော်ရည်လေးကို ဖြေးဖြေးတိုက်ရသေးသည်။ထမင်စားချိန်ရောက်ပြီဖြစ်တာကြောင့် ဆော့ဂျင်လည်း ကူကူးလက်ကိုဆွဲကာ နေရာယူလိုက်သည်။ပြီးမှ ပန်းကန်ထဲကထမင်းခဲကိုခြေပြီး ဟင်းရည်နဲ့ဖျော်ပေးလိုက်သည်။Appaမှဉီးဉီးဖျားဖျား စားပြီးပြီဖြစ်တာကြောင့် သူကြိုက်တဲ့ ငါးကင်လေးကို ခါတိုင်းလိုအရိုးနွှင်ကာ ပန်းကန်ထဲထည့်ပေးရသည်။ဒါ့အပြင် အသီးအရွက်ဆို ဂဂျီဂဂျောင်များချင်တဲ့ ယုန်ကလေးအတွက် အရွက်သုပ်ကို သေချာထည့်ကာ စားစေသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now