25;Koo Kooရဲ့အပြာရင့်ရောင်လေး

905 101 69
                                    

Unicode & Zawgyi

Unicode

"မရဘူးနော်ကူး"

"ကိုကိုလို့~~~~~"

ချွဲသံလေးနဲ့အတူ ဆော့ဂျင်ရင်ဘတ်ပေါ်မေးစေ့လေးထောက်လိုက်တဲ့ကူးပိစိအခုရက်ပိုင်းသဘောကျပြီး ပူဆာနေသည့်အရာတစ်ခုရှိသည်။ထိုအရာသည်ကား ဆံပင်ဆေးဆိုးခြင်း။Music Bankကြည့်နေရင်း idolကောင်လေးတစ်ယောက်ဆိုးထားတဲ့အပြာရောင်ဆံပင်ကိုမြင်မြင်ချင်းသဘောကျသွားတဲ့ကူးကူးဟာ တစ်ပတ်လုံးလုံးဆော့ဂျင်ကိုကပ်ချွဲဲပြီး ဆံပင်ဆေးဆိုးရရေး၊ ဒို့အရေးဖြစ်နေတာပင်။

ဆံပင်ဆေးမဆိုးခိုင်းရတဲ့အကြောင်းအရင်းကလည်းရှင်းပါသည်။ကလေးရဲ့ဆံပင်နုနုလေးတွေကို အထိခိုက်မခံနိုင်၍။မေမေတို့နှစ်ပတ်လည်တုန်းက ဆံပင်ဆေးတွေချွတ်ပြီးနောက်တစ်ရက်ခေါင်းလျှော်ပေးလိုက်တော့ လက်ထဲအထွေးလိုက်ပါလာတဲ့ဆံပင်တွေကိုကြည့်ပြီး ကာယကံရှင်ကဘာမှမဖြစ်သော်ငြား ဆော့ဂျင်ကတော့စိတ်မကောင်းသလို၊ စိတ်လည်းမချမ်းသာပေ။ဒါကြောင့်နောက်ရက်ချက်ချင်းဆံပင်ဆိုင်ကိုခေါ်သွားပြီး မကောင်းတော့တဲ့အောက်ဖျားတွေကိုညှပ် အနက်ရောင်ပြောင်းပြီး treatmentတွေနဲ့ကုပေးထားခဲ့ရတာဖြစ်သည်။

ဆော့ဂျင်ရဲ့ဂရုတစိုက်စောင့်ရှောက်မှုတွေကြားမှာ အုံတွေပြန်ထူလာပြီး ရှည်ရှည်လေးဖြစ်လာတဲ့ဆံသားကို အမောင်ကူးဟာထပ်မံဖျက်ဆီးဖို့ကြံနေတာဖြစ်သည်။အခုလည်း တစ်ပတ်လောက်တောင်းဆိုလာတဲ့အရာကို ခွင့်မပြုရကောင်းလားဆိုပြီး ဆော့ဂျင်ကိုမိုက်ကြည့်,ကြည့်လာခဲ့ပြီဖြစ်သည်။

"ကိုကိုတကယ်ခွင့်မပြုဘူးလား"

"အင်း......မလုပ်ရဘူး"

"ရတယ်"

သူမေးထောက်ထားတဲ့ဆော့ဂျင်ရဲ့ရင်ဘတ်ကို တစ်ချက်ကုန်းကိုက်ကာ အိမ်ပေါ်တက်သွားတဲ့ကူးပေါက်စဟာ အခုရက်ပိုင်းဆိုးချင်သလိုကိုဆိုးနေတာပင်။သူအိမ်ပေါ်တက်သွားပြီးသိပ်မကြာ ဖုန်းဝင်လာတာမို့ စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းကိုအသာခါယမ်းလိုက်ပြီး ဖုန်းနံပါတ်ကိုမကြည့်ဘဲကိုင်လိုက်တော့ လေသံအေးအေးလေးနဲ့ဖျောင်းဖျသံကိုအရင်ကြားလိုက်ရသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now