6;Koo Kooရဲ့သဝန်တိုခြင်း

2.4K 214 58
                                    

Unicode & Zawgyi

Unicode

ဒုန်း!!!!!

အခန်းတံခါးဖွင့်ထားခဲ့မယ်ထင်ပြီးမော့မကြည့်ဘဲMailတွေကိုစစ်နေတဲ့ဆော့ဂျင်ရဲ့နဖူးပြင်လေးဟာကျွန်းတံခါးနဲ့မိတ်ဆက်သွားရသည်။တံခါးကိုဆောင့်ပိတ်သွားတာကြောင့်နာသွားတဲ့နဖူးလေးကိုပွတ်ရင်းအခန်းတံခါးကိုတွေတွေကြီးစိုက်ကြည့်နေမိသည်။ဒီတစ်ခေါက်ရောဘာဖြစ်ပြန်ရတာလဲရစ်လုံးရယ်။

ဒီတစ်ခေါက်အထာနပ်သွားပြီလေ။ဒါကြောင့်အိတ်ထဲ၌အမြဲဆောင်ထားတတ်တဲ့အခန်းသော့အပိုနဲ့ဖွင့်လိုက်သည်။စိတ်ဆိုးတိုင်း၊သူစိတ်မကြည်တိုင်းအခန်းတံခါးပိတ်ထားတဲ့ယုန်ရစ်စိန်ကြောင့်အခန်းတံခါးသော့အပိုကိုဆောင်ထားတတ်တာအကျင့်တောင်ဖြစ်ပါပြီ။

"ကူကူး.....ဘာဖြစ်တာလဲကိုယ့်ကိုပြော"

"လာမမေးနဲ့......သွား"

ပါးစပ်ကသာသွားလို့ပြောနေပေမယ့်မသွားစေချင်ကြောင်းပြသနေတဲ့လက်လေးတွေဟာဆော့ဂျင်ရဲ့ကုတ်အင်္ကျီအနားစကိုမသိမသာလေးဆွဲထားတယ်။ဒီကလေးဟာလေဘယ်လိုပဲနေနေဆော့ဂျင်ရဲ့နှလုံးသားကိုအရည်ဖျော်ပစ်နိုင်တဲ့အပြုအမူလေးတွေနဲ့။သွားဆိုပြီးလူကိုဆွဲထားတဲ့ကလေးသေးသေးလေးရဲ့ဘေးသွားထိုင်လိုက်တော့ချာကနဲလှည့်သွားလေသည်။

ဒါကြောင့်ခါးသိမ်သိမ်လေးကိုဆွဲကာဖက်လိုက်တော့ရင်ခွင်ထဲအသင့်ဝင်ရောက်လာတဲ့ကလေးဟာစိတ်ဆိုးနေသူဖြစ်တယ်။တကယ်ပါပဲကွာ......တစ်နေ့တစ်နေ့ဒီအသည်းပေါက်လေးကိုအူယားလွန်းလို့သွားလေရာအိပ်ကပ်လေးထဲစွေ့ကနဲကောက်ကောက်ထည့်သွားချင်တယ်။

"ဘာလို့လဲပြောမှကိုယ်သိမှာလေ.......ဟုတ်တယ်မို့လား"

ပြောလိုက်တော့ခေါင်းလုံးလုံးလေးကဆက်ကနဲ့ငြိမ့်လိုက်တာကိုတွေ့လိုက်ရသေးတယ်။ပြီးတော့သူ့ခါးသိမ်သိမ်ပေါ်မှာနေရာယူထားတဲ့လက်ချောင်းလေးပေါ်ကလက်ထပ်လက်စွပ်လေးကိုဆော့ကစားပြီးပြောသင့်မပြောသင့်ချင့်ချိန်နေပုံရတယ်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now