23;Koo Kooရဲ့ပထမဆုံးအတွေ့အကြုံ

1.2K 122 46
                                    

Unicode & Zawgyi

Unicode

"Make upကိုအရမ်းမပြင်ပေးဘဲနဲ့ ပါးပါးလေးပဲလိမ်းပေးပါနော်......ကလေးအသားအရည်ကအရမ်းနုလို့"

ဆော့ဂျင်ရဲ့စကားသံအဆုံးမှာ တစ်ခန်းလုံးရှိလူကုန်ထံမှအားကျတဲ့အသံတွေထွက်လာတော့ မိတ်ကပ်ပြင်ရမယ့်ခုံမှာထိုင်နေတဲ့ကလေးပေါက်စဟာ မျက်နှာလေးတွေရဲသည်အထိရှက်လာခဲ့ပြီဖြစ်သည်။ဒီနေ့ဟာ ဆော့ဂျင်တို့ကုမ္ပဏီမှအဓိကကြီးကြပ်ဖွင့်လှစ်တဲ့ ထောက်ပံ့ရေးရန်ပုံငွေပန်းချီပြခန်းဖွင့်ပွဲနေ့ဖြစ်ပြီး ပထမဆုံးအကြိမ်ဖြင့်ကူးကူးကို လူရှေ့ပွဲထုတ်မှာဖြစ်တာမို့ ဆော့ဂျင်ကိုယ်တိုင် အရာရာကိုစီမံကာ မိတ်ကပ်အနေအထား၊ဆံပင်ပုံစံကအစ အသေးစိတ်စီစဉ်ပေးနေတာဖြစ်သည်။ပထမဆုံးအကြိမ်ကင်မရာရှေ့မှာပွဲထွက်ရမယ့်ကူးကူးပေါက်ဟာ စိတ်တွေလှုပ်ရှားနေပြီး မနေ့ညကလည်းကောင်းကောင်းမအိပ်ထားတာမို့ ဆော့ဂျင်မှာကိုယ့်အတွက်ကိုယ်မပြင်အားသေးဘဲ ကူးကူးကိုသာမျက်စိဒေါက်ထောက်ကြည့်နေရတာဖြစ်သည်။

တကယ်ဆိုမခေါ်ထုတ်ချင်ပေမယ့် ဆော့ဂျင်ကိုယ်တိုင်ဉီးစီးထားတဲ့ပွဲဖြစ်တဲ့အပြင် အဖေ၊အမေ၊ ထယ်ထယ်သာမက နမ်ဂျွန်းကလည်းစုံတွဲလိုက်တက်မှာမို့ ကူးကိုခေါ်သွားမှဖြစ်မယ့်အနေအထားပင်။သာမာန်ပါတီပွဲတွေ၊ ရာထူးလွှဲပြောင်းပွဲတွေလောက်ကတော့ ကူးကိုမခေါ်သွားလည်းကိစ္စမရှိပေမယ့် ညီဖြစ်သူကတောင်စုံတွဲလိုက်တက်လာပြီး ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ဆော့ဂျင်ရဲ့တရားဝင်ခင်ပွန်းကိုမခေါ်ခဲ့ပါလျှင် ထွက်လာမယ့်အတင်းအဖျင်းတွေက ဟုတ်သော်ရှိ၊မဟုတ်သော်ရှိနည်းနည်းမှမစဉ်းစားကြဘဲ တစ်ဖက်သားကိုထိခိုက်နစ်နာစေမှာမို့ ဆော့ဂျင်မှာကလေးလေးကိုခေါ်လာခဲ့ရတာဖြစ်သည်။အနက်ရောင်ဆင်တူsuitဆိုပေမယ့် ကူးကူးအတွက်ကိုတော့ ရှိပြီးသားdesigner brandတွေထဲကမဝယ်တော့ဘဲ သူ့ကိုယ်တိုင်းနဲ့ သီးသန့်ဒီဇိုင်းထုတ်ပြီးချုပ်လုပ်စေခဲ့တာဖြစ်သည်။အနက်ရောင်ပေါ်မှာ ငွေရောင်ကြိုးမျှင်မျှင်လေးတွေတပ်ထားပုံက သာမန်မျက်စိနဲ့ကြည့်ရင်မမြင်နိုင်ဘူးဆိုပေမယ့် မီးရောင်ရောက်သွားရင်တော့ တလက်လက်တောက်ပလာမှာပင်။ပထမဆုံးပွဲထုတ်ရမယ့်ကူးကလေးကို ဆော့ဂျင်တတ်နိုင်တာထက်ပို၍ ပြင်ဆင်ပေးချင်တာမို့ Make up artistကအစ စီးမယ့်shoesအဆုံး ပွဲမကျင်းပခင်တစ်ပတ်လောက်အလိုကတည်းက အစီအစဉ်ဆွဲထားရတာပင်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now