8;Koo Kooရဲ့ကိုကို

2.7K 228 140
                                    

Unicode & Zawgyi

Unicode

"အခုချွတ်!!"

"မချွတ်နိုင်ဘူး"

"ဝတ်ထားတွေအကုန်ချွတ်လို့"

"မ ချွတ် နိုင် ဘူး"

ထိုသို့ထိုသို့နှင့်စကားအခြေအတင်များပြီးနောက်ပိုင်းအလျော့ပေးသူမှာမည်သူဖြစ်မည်ဟုထင်သနည်း။သေချာပေါက်........

ဘေးနားကနေနှုတ်ခမ်းပါးကိုအသားကုန်ဆူထော်ထားသောကောင်လေးကိုကြည့်ပြီးရီချင်စိတ်ကိုမနည်းထိန်းထားရသည်။ရိုးရိုးရှပ်အဖြူလေး​အပေါ်မှာခရမ်းနုရောင်ရှပ်လ​​က်ရှည်လေးကိုထပ်ဝတ်ပေးထားပြီးခေါင်းပေါ်ကသပ်သပ်ရပ်ရပ်ဖြီးပေးထားတဲ့အညိုရောင်ဆံပင်အုပ်အုပ်လေးတွေနဲ့သူ့ကလေးဟာထိုင်နေရင်းနဲ့တောင်အသားလွတ်ကြီးချစ်ဖို့ကောင်းနေတာပင်။

"ကူးပေါက်လေး"

"ဟွန့်...."

ခေါ်မိကာမှနှုတ်ခမ်းကိုပိုထော်ကာဘေးဘက်လှည့်သွားတဲ့ကောင်လေးကြောင့်လှစ်ကနဲပြုံးလိုက်ပြီးကားမောင်းခြင်းကိုသာအာရုံစိုက်လိုက်သည်။အခုအချိန်ထိကောက်စိန်လုပ်နေသေးတဲ့ထိုကလေးပေါက်ရဲ့ကောက်နေရခြင်းအကြောင်းမှာဝတ်ချင်တာမဝတ်ရလို့ဖြစ်သည်။ယနေ့သည်ဂျောင်ကု၏သူငယ်ချင်းမွေးနေ့ဖြစ်သည်။ဖိတ်ကြားထားခြင်းခံရသောထိုဂုဏ်သရေရှိလူကြီးမင်းလေးသည်ထယ်ယောင်းနဲ့ထွက်ဝယ်ထားတဲ့အင်္ကျီကိုဝတ်ချင်နေတာဖြစ်သည်။

စွပ်ကျယ်လက်ပြတ်လေးအပေါ်ကဇာပါးအဖြူရောင်လေးထပ်ထားတဲ့ထိုဝတ်စုံဟာဘယ်လိုပဲကြည့်ကြည့်လက်မောင်းသားတွေကိုအထင်သားမြင်နေရသည်။ထို့အပြင် skinny jeanအဖြူရောင်လေးနဲ့ပါတွဲထားတဲ့ထိုဝတ်စုံကိုဘယ်လိုစိတ်နှင့်ပေးဝတ်ရမည်နည်း။ကင်ဂျောင်ကုရဲ့သဲနာရီလိုbody structureကိုရူးနေလို့ကင်ဆော့ဂျင်ကသူများကိုပေးမြင်ရမှာလား။ကျန်တဲ့အရာတွေသာလျှော့ပေးမယ်ဒီလိုဟာတွေကိုတော့ဘယ်လိုမှခွင့်မလွှတ်နိုင်ဘူး။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now