12;Koo Kooဖျားနေတယ်

2.3K 201 99
                                    

Unicode & Zawgyi

Unicode

"ကိုကို.....မသွားလို့မရဘူးလားဟင်"

ကုတင်ပေါ်ထိုင်နေတဲ့လူပေါ်ကုပ်တွယ်ထားပြီးလည်ပင်းကိုတင်းတင်းကြပ်ကြပ်ဖက်ကာမျက်ရည်သံလေးနဲ့ပြောနေတဲ့ကလေးကြောင့်ဆော့ဂျင်သက်ပြင်းမောကြီးကိုသာချလိုက်မိသည်။ကလေးရဲ့ခေါင်းလုံးလုံးလေးကိုထိန်းကိုင်ထားလိုက်ပြီးငိုနေတဲ့ကလေးရဲ့ကျောပြင်လေးကိုသာဖွဖွပွတ်သပ်နေမိသည်။

"ကိုကိုလည်းမသွားချင်ပါဘူးကူးရယ်.....ဒါပေမယ့်လည်း"

လည်ပင်းနားအထိတိုးကပ်လာတဲ့ကလေးရဲ့ခန္ဓာကိုယ်ကနေအပူငွေ့နွေးနွေးကိုခံစားမိတာကြောင့်ဆော့ဂျင်သေချင်လာသည်။ကလေးဖျားနေတာဖြစ်သည်။ဒါပေမယ့်ဒီအချိန်မှပဲတိုက်တိုက်ဆိုင်ဆိုင်ပြင်သစ်ကုမ္ပဏီဘက်ကErrorဖြစ်နေတာကြောင့်သွားစစ်ဆေးပေးရမည်ဖြစ်သည်။အစတုန်းကတော့ကူးငယ်လေးကိုပါခေါ်သွားရင်းပြင်သစ်နိုင်ငံကိုပါလိုက်ပြဖို့စဉ်းစားထားပေမယ့်မနက်အိပ်ရာထမှအပူငွေ့လေးရှိလာတဲ့ကလေးကြောင့်ခေါ်သွားဖို့ကမဖြစ်နိုင်တော့ပါ။ဒါကြောင့်လူကိုကပ်တွယ်ကာမသွားဖို့တောင်းဆိုနေတာဖြစ်သည်။

"ကိုကိုမသွားပါနဲ့.......သားဖျားနေတယ်လို့"

ပြောရင်းရှိုက်ကြီးတငင်ငိုလာတဲ့ကလေးကြောင့်ဆော့ဂျင်ရဲ့ထိန်းထားတဲ့မျက်ရည်ကလည်းပေါက်ကနဲပင်။ကူးငယ်ဟာဖျားနေရင်ကိုယ့်ကိုမျက်စိအောက်ကအပျောက်မခံ။ယုတ်စွအဆုံးအိမ်အပေါ်နဲ့အိမ်အောက်ထပ်ကိုတောင်အသွားမခံ။ဖျားနေတဲ့နေ့တွေဆိုဆော့ဂျင်ဘယ်သွားသွား၊ဘယ်လာလာကလေးပေါက်အားချီပိုးထားရတာဖြစ်သည်။ဒါဟာဒီလအတွက်နှစ်ခါမြောက်ဖျားခြင်းဖြစ်သည်။ဒီလိုဖျားနေတဲ့အချိန်မှတိုက်တိုက်ဆိုင်ဆိုင်ပြသနာကလည်းပေါ်လာသေးသည်။မသွားဘဲနေလို့ကလည်းမဖြစ်။ပြသနာကိုသေချာကိုင်တွယ်ဖို့နဲ့ထပ်​မဖြစ်စေဖို့အားလုံးကိုCEOကိုယ်တိုင်သွားဆောင်ရွက်ပေးမှသာလက်အောက်ငယ်သားများကလည်းလေးစားကြမည်ဖြစ်သည်။ဒါ့ထက်ပြောရရင်ဒီခရီးလွှတ်တာAppaကိုယ်တိုင်ဖြစ်သည်။ဒါကြောင့်ဆော့ဂျင်သွားမှဖြစ်မည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now