9;Koo Kooရဲ့Hanvana

2.1K 176 67
                                    

Unicode & Zawgyi

Unicode

နေ့တစ်နေ့ကိုအစပြုတဲ့သင်္ကေတဖြစ်သောရွှေဝါရောင်နေမင်းသည်အရှေ့ဘက်အရပ်ဆီမှနေ၍ကမ္ဘာကြီးပေါ်သို့ဖြာကျနေပြီဖြစ်သည်။ထိုနေရောင်ကျရောက်ရာနေရာထဲတွင်Cubaနိုင်ငံရဲ့အဓိကအချက်အချာဖြစ်သောမြို့တော်Hanvanaလည်းအပါအဝင်ဖြစ်လေသည်။သစ်သားပြတင်းပေါက်ကနေဖြာကျနေသောနေရောင်ကိုမျက်လုံးမှိတ်ကာခံစားနေသောဆော့ဂျင်သည်မနက်ခင်းမှာတင်တည်ကြည်ပြည့်စုံသောအဆင်းကိုပိုင်ဆိုင်ထားတာဖြစ်သည်။

ပြတင်းပေါက်ကိုမျက်နှာမူထားတဲ့လှုပ်ကုလားထိုင်ပေါ်ထိုင်ရင်းမျက်လုံးများကိုမှိတ်ကာနေရောင်ကိုခံစားနေမိသည်။အိပ်ရာပေါ်ကအကောင်ပေါက်ရဲ့ဟောက်သံလေးတွေကိုရေတွက်ရင်းနဲ့ကျောမှီထားတဲ့ကုလားထိုင်ကိုလှုပ်ကာဒီနေ့အတွက်အစီအစဉ်တွေကိုပြန်လည်ဖုံဖော်နေတာဖြစ်သည်။

ယခုရောက်နေတဲ့ဟားဗားနားမြို့တော်လေးဟာခေတ်ဟောင်းအငွေ့အသက်တွေခြုံလွှမ်းထားပြီးချစ်စရာကောင်းကာလွတ်လပ်သောမြို့တော်လေးဖြစ်သည်။တကယ်တော့ဒီနေရာကိုငယ်သူငယ်ချင်းဖြစ်သူမင်ယွန်းဂီရဲ့အစီအစဉ်ကြောင့်ရောက်ရှိနေရခြင်းဖြစ်သည်။တက္ကသိုလ်တက်ကတည်းကလူချင်းကွဲကွာသွားပေမယ့်ဖုန်းချင်းအဆက်အသွယ်ရှိနေသေးတဲ့သူငယ်ချင်းဖြစ်သူဟာအိမ်ထောင်ကျပြီးကျူးဘားမှာအခြေချနေတာဖြစ်သည်။

အားရင်အလည်လာခဲ့ပါလားဆိုတဲ့သူငယ်ချင်းရဲ့စကားကိုအလုပ်များတယ်ဆိုတဲ့စကားနဲ့ငြင်းခဲ့ရပေါင်းများတော့စိတ်မရှည်တဲ့မင်ယွန်းဂီဟာဆော့ဂျင်ရဲ့အသက်၊အိမ်ရဲ့အသည်းညှာလေးဖြစ်တဲ့ကူကူးကိုအပူကပ်တော့သည်။ကျူးဘားကိုအလည်သွားချင်တယ်ဆိုပြီးပြောတဲ့ကလေးပေါက်ရဲ့ageyoတစ်ချက်နဲ့တင်တောင်လိုပုံနေသောအလုပ်တွေသည်ပျောက်ခြင်းမလှပျောက်သွားသည်။ဆော့ဂျင်သာသွားမယ်ပြောကြည့်ပါလား။ဖိုင်တွေတစ်ထပ်ကြီးနဲ့ရုံးခန်းထဲဝင်ချလာမယ့်ကင်နမ်ဂျွန်းရဲ့ပုံရိပ်ဟာမြင်ယောင်ကြည့်စရာမလိုအောင်ကိုမျက်လုံးထဲကွက်ကွက်ကွင်းကွင်း။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now