24;Koo Kooကငယ်သေးတာမို့

1K 119 52
                                    

Unicode & Zawgyi

Unicode

Koo Kooကငယ်သေးတာမို့
"ကူး......ငြိမ်ငြိမ်လေးနေဉီး......ကိုကိုပြင်ဆင်ပြီးတာနဲ့သွားကြမယ်ဟုတ်ပြီလား"

လက်ထဲကိုင်ထားတဲ့လေဖောင်းအာလူးကြော်ထုတ်ကိုဖောက်ကာ Suitအပြည့်အစုံနဲ့ ကုတင်ပေါ်လုံးလုံးလေးထိုင်နေတဲ့boss babyပေါက်စလေးလက်ထဲထည့်ပေးလိုက်တော့ ခေါင်းကိုသာတဆတ်ဆတ်ငြိမ့်ပြတာမို့ ချစ်စရာကောင်းလွန်းလှတဲ့ခေါင်းလုံးလုံးလေးကိုအသာဆွဲဖွကာ ရေချိုးခန်းထဲအဝတ်ဝင်လဲရတော့သည်။ရှယ်ယာရှင်တစ်ဉီးရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီပွဲကိုတက်ရောက်ရမှာမို့ ဆော့ဂျင်မှာရုံးကနေစောစောပြန်လာခဲ့ပြီး အိမ်ကကလေးကိုပြင်ဆင်ပေးနေရတာဖြစ်သည်။အရင်ရက်ကတည်းကကြိုမှာထားတဲ့3 pieces suitလေးကိုဝတ်ပေးကာ သပ်သပ်ရပ်ရပ်ပြင်ပေးပြီးပြီဆိုမှ အာလူးကြော်ထုတ်လက်ထဲထည့်​ပြီးငြိမ်ငြိမ်နေခိုင်းရတာဖြစ်သည်။ပြေးလွှားခုန်ပေါက်နေတာမျိုးမဟုတ်ပေမယ့် သူ့စိတ်ထဲထင်တာလေးတွေကိုထ,ထလုပ်တတ်လွန်းတာမို့ အင်္ကျီတွေ​ကြေမှာစိုးပြီး ငြိမ်ငြိမ်နေခိုင်းခဲ့ရတာဖြစ်သည်။ဆော့ဂျင်လည်းအင်္ကျီမြန်မြန်လဲပြီးရေချိုးခန်းထဲကနေထွက်လိုက်တော့ စကားနားထောင်တဲ့အလိမ္မာတုံးလေးဟာ ဆော့ဂျင်ထားခဲ့တဲ့အတိုင်းမလှုပ်မယှက်လေးနဲ့ အာလူးကြော်ကိုသာတမြုံ့မြုံ့ဝါးနေတာပင်။

ဆံပင်တွေဘာတွေပါပြင်ပြီးမှ ကုတင်ပေါ်ထိုင်နေတဲ့ကလေးလေးကိုခေါ်ကာ ပါတီပွဲရှိရာသို့မောင်းနှင်ခဲ့ရတော့သည်။စီးပွားရေးအရပတ်သတ်တဲ့ပွဲတွေမှာ ကလေးလေးကိုဝင်ရောက်မပတ်သတ်စေချင်ပေမယ့် ရုံးခန်းထဲကိုရောက်လာတဲ့ဖိတ်စာမှာလိပ်မူထားတဲ့ 'CEOကင်မ်ဆော့ဂျင်နှင့်ခင်ပွန်း'ဆိုသည့်နာမည်လေးကြောင့် စုံတွဲလိုက်တက်ဖို့ဖြစ်လာခဲ့တာပင်။ရှေ့တွင်ပျားသကာလောင်းထားသကဲ့သို့ချိုမြနေတဲ့စကားသံလေးတွေဟာ နောက်ကွယ်ရောက်သွားတာနဲ့လည်မျိုကိုထောက်မယ့်ဓားတွေအဖြစ်ပြောင်းသွားတတ်တဲ့လောကထဲမှာ စုံတွဲလိုက်ဖိတ်လျှက်ပါရက် စုံတွဲလိုက်မရောက်လာခဲ့ပါက သေချာမသိတဲ့အိမ်ထောင်ရေးအကြောင်းကို အထင်တွေအမြင်တွေနဲ့ဆုံးဖြတ်ကြတော့မှာမို့ ကလေးငယ်လေးကိုခေါ်ထုတ်လာခဲ့ရတာဖြစ်သည်။မီဒီယာတွေကိုမခေါ်ထားပေမယ့် အချင်းချင်းဓာတ်ပုံ၊သတင်းတွေရယူကြမှာပဲမို့ ဝတ်စုံပြည့်တက်ရောက်လာရတဲ့ပါတီပွဲမှာ ကူးကူးပင်ပန်းမှာကိုစိတ်ပူတာမို့ မျက်နှာခဏပြ၊နှုတ်ဆက်ပြီးတာနဲ့ပြန်မှာပင်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now