22;Koo Kooနဲ့ကိုကို့ရဲ့သူငယ်ချင်းများ

1.3K 141 20
                                    

Unicode & Zawgyi

Unicode

"ကူးကူးငယ်......အခုမှမထရင်ကိုကိုတို့နောက်ကျတော့မယ်နော်"

ကော်လံရှပ်အဖြူရောင်ရဲ့လက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်ရင်း အခုချိန်ထိအိပ်ရာထဲမှာလူးလိမ့်နေသူလေးကိုလှမ်းနိုးတော့ မျက်လုံးဖောင်းအစ်အစ်လေးတွေက မဖွင့်ချင်ဖွင့်ချင်နဲ့ပွင့်လာကာ ရှိုးစမိုးအပြည့်အစုံနဲ့ဆော့ဂျင်ကို ဘောက်ဆတ်ဆတ်လှမ်းကြည့်လေသည်။ညအိပ်ဝတ်တဲ့ချည်ထည်ဝမ်းဆက်မီးခိုးရောင်လေးနဲ့ကလေးလေးဟာ ဂုတ်အထိထောက်နေတဲ့ဆံပင်အရှည်ကောက်ဖွာလန်ကြဲလေးနဲ့ ချစ်စရာကောင်းလွန်းလှသလို တစ်ပြိုက်နက်တည်းမှာလည်း သိပ်ကိုမှလှပလွန်းနေခဲ့တာပင်။ရှပ်လက်ရှည်ကိုသေသေချာချာခေါက်တင်အပြီးမှာ အိပ်ရာပေါ်တက်သွားလိုက်ပြီး ကူးကူးအနောက်ဘက်ကနေဝင်ထိုင်လိုက်တော့ အိပ်ရေးမဝသေးတဲ့ဂျစ်တူးလေးဟာ ဆော့ဂျင်ကိုယ်ပေါ်ကိုမှီချလာလေသည်။မြင်နေရတဲ့ခေါင်းလုံးလုံးကိုအနမ်းပေးပြီး နောက်ကျောကနေအသာတွန်းလိုက်တော့ မထချင်ထချင်နဲ့ထသွားတဲ့ကလေးအား အနားမှာချထားတဲ့သားရေကွင်းပျော့ပျော့လေးနဲ့ ဆံပင်တစ်ချို့ကိုသိမ်းစည်းပေးလိုက်သည်။

"ကိုကို......သားကိုချီ"

လက်လေးနှစ်ဖက်ကိုဆန့်တန်းပေးထားတဲ့ကလေးလေးအား သိမ်းပွေ့လိုက်ပြီး ရေချိုးခန်းထဲခေါ်သွားလိုက်ကာ ရေနွေးနွေးလေးစပ်ထားတဲ့ရေချိုးဇလားထဲထည့်ပေးခဲ့ပြီး သွားတိုက်ဆေးပါထည့်ပေးခဲ့ပြီးပြီဆိုမှ အခန်းအပြင်ကိုထွက်လာခဲ့ကာ ခရီးအတွက်လိုအပ်တာတွေပြင်ဆင်ရတော့သည်။ဒီနေ့ကတော့ မတွေ့ရတာကြာပြီဖြစ်တဲ့အထက်တန်းတုန်းကသူငယ်ချင်းနှစ်ယောက်နဲ့အတူ ပေါ့ပေါ့ပါးပါးtripထွက်ကြမည့်ရက်ဖြစ်သည်။သူငယ်ချင်းနှစ်ယောက်ဖြစ်သူ ဂျယ်ဝန်းနဲ့မင်ဂျွန်းနှစ်ယောက်ထဲမှာ ဂျယ်ဝန်းဟာဂျပန်မှာနေထိုင်သူဖြစ်တာကြောင့် သူရောက်တုန်းသုံးလေးရက်မှာ အမှတ်တရခရီးစဉ်လေးစီစဉ်လိုက်ရတာဖြစ်သည်။ဂျယ်ဝန်းရဲ့ဇနီးသည်ဂျပန်သူလေးကတော့ လိုက်မလာတာမို့ လူပျိုကြီးမင်ဂျွန်းရယ်၊ ဂျယ်ဝန်းရယ်၊ ဆော့ဂျင်တို့စုံတွဲရယ်နဲ့ လေးယောက်သာပါဝင်မယ့် ပေါ့ပေါ့ပါးပါးတစ်ညအိပ်ခရီးစဉ်လေးဖြစ်သည်။ပင်လယ်ရေထဲမှာ ကဲချင်သလိုကဲတော့မယ့်ကလေးပေါက်အတွက် နေလောင်ခံခရင်မ်၊ ရေကူးဝတ်စုံ၊ သောက်နေကျအားဆေးအပြင် လိုအပ်မယ်ထင်တဲ့ဆေးဝါးတွေအားလုံးကိုပါ ထုတ်ပိုးပြင်ဆင်ပြီးပြီဆိုမှ ရေချိုးခန်းထဲကထွက်လာတဲ့ကလေးဟာ မှန်တင်ခုံရှေ့သွားထိုင်ကာ သူ့မျက်နှာလေးသူခရင်မ်တစ်ချို့ဖွဖွပွတ်လိမ်းနေသည်။မျက်နှာကိုပြင်ဆင်စရာရှိတာတွေပြင်ဆင်လို့အပြီးမှာ ဆော့ဂျင်ထုတ်ပေးထားတဲ့ဝတ်စုံလေးကိုယူကာ ရေချိုးခန်းထဲဝင်သွားလေသည်။ကလေးလေးရဲ့အလှပြင်ပုံကို ဘာရယ်မဟုတ်ထိုင်ကြည့်ချင်လာတာမို့ အိပ်ရာပေါ်ဝင်ထိုင်ကာ လက်နောက်ပြန်ထောက်ကာ ကျကျနနထိုင်စောင့်နေလိုက်တော့ သိပ်မကြာ ဆော့ဂျင်ထုတ်ပေးထားတဲ့ အဖြူရောင်ပေါ်မှာ ပန်းရောင်အစင်းလေးတွေပါတဲ့တီရှပ်၊ ဂျင်းဘောင်းဘီအဖြူရောင်နဲ့ထွက်လာတဲ့ကလေးလေး။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now