10;Koo Kooက,ကလေးသေးသေးပိစိကွေး

2.3K 200 100
                                    

Unicode & Zawgyi

Unicode

မနက်ခင်းမိုးတောင်မလင်းချင်သေး။တစ်ရေးနိုးလာပြီးအကျင့်ပါနေတဲ့လက်တွေဟာဘေးတစ်နေရာကိုစမ်းမိသွားသည်။သို့ပေမယ့်အေးစက်နေတဲ့နေရာကြောင့်ဉီးနှောက်အလုပ်မလုပ်ခင်ခန္ဓာကိုယ်ကအရင်ငေါက်ကနဲထထိုင်မိသည်။

"ကူကူး"

အော်၍ခေါ်လိုက်ပေမယ့်ရုတ်တရက်လန့်နိုးလာတာမို့အသံကခပ်အစ်အစ်။သို့ပေမယ့်ပြန်သံမကြားတာကြောင့်ဉီးနှောက်ကိုစ၍အလုပ်ပေးမိတော့သည်။

"ဪ.....ကူးငယ်လေးမှမရှိတာ"

ထိုစကားကိုဆိုပြီးအိပ်ရာပေါ်ပြန်လှဲလိုက်သည်။နဖူးပေါ်လက်တစ်ဖက်ကိုတင်ကာပြန်အိပ်ဖို့ကြိုးစားမိသည်။သို့ပေမယ့်လိုနေတဲ့အနွေးဓာတ်ကလေးပျောက်ဆုံးနေတာကြောင့်ရေချိုးခန်းထဲသာဝင်သွားလိုက်သည်။မနက်လေးနာရီပဲရှိသေးပေမယ့်ရေချိုးမျက်နှာသစ်ဖို့ပြင်လိုက်သည်။အတူတူထားရှိတဲ့သွားတိုက်တံအဝါလေးထဲသွားတိုက်ဆေးတွေညစ်ချပြီးကာမှတစ်ခုခုကိုသတိရသွားဟန်ဖြင့်ခပ်တိုးတိုးဆဲရေးကာသွားတိုက်ဆေးတွေကိုပြန်ဆေးပစ်ရသေးသည်။စိတ်တွေရှုပ်လာတာမို့ညအိပ်အဝတ်အစားတွေချွတ်လိုက်ကာBathtubeထဲဝင်ထိုင်နေလိုက်သည်။

ရေနွေးနွေးလေးကစိတ်ကိုကြည်လင်စေပေမယ့်ခဏပင်။ငါးမိနစ်တောင်မကြာလိုက်ပဲလှိုက်တက်လာတဲ့လွမ်းစိတ်ကြီးကြောင့်သက်ပြင်းကိုထပ်ချလိုက်ပြန်သည်။ဒီအချိန်ဆိုအသည်းအသက်လေးဘာလုပ်နေမလဲ။သေချာတာကတော့ခြေကားယားလက်ကားယားနဲ့အိပ်ရာတစ်ခုလုံးကိုအပိုင်သိမ်းပြီးမှောက်အိပ်နေလောက်မည်။ကလေးလေးတွေလိုခြေလွတ်လက်လွတ်အိပ်တတ်တဲ့နှလုံးသားလေးအကြောင်းတွေးမိသွားတော့ရေကန်ဘောင်ကိုမှီထားနေရင်းကနေပြုံးမိပါသည်။

ဒီနေ့ဟာသူ့ကလေးအိမ်မှာမရှိတော့တာနှစ်ရက်မြောက်နေ့။ဘူဆန်မှာရှိတဲ့အစ်ကိုဝမ်းကွဲရဲ့မင်္ဂလာဆောင်ကိုချီးမြှင့်ရန်သွားရောက်ရသောထိုကလေးကတကယ်ကြီးဆော့ဂျင်ကိုပစ်ပစ်ခါခါလုပ်သွားတာ။အကြောင်းတိုက်ဆိုင်စွာဖြင့်စာချုပ်ချုပ်ထားမိတဲ့ပြင်သစ်ကုမ္ပဏီတစ်ခုရဲ့ဉက္ကဋ္ဌကလည်းကိုရီးယားကိုရောက်ရှိနေတာမို့ဆော့ဂျင်မရှိနေလို့မဖြစ်။ထိုသို့ထိုသို့ဖြင့်သူ့ကလေးဟာဆေ့ာဂျင်မပါဘဲဘူဆန်သို့တစ်ယောက်တည်းခရီးနှင်သွားတာဖြစ်သည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now