20;Koo Kooကိုကိုရဲ့မွေးနေ့

1.6K 176 31
                                    

Unicode & Zawgyi

Unicode

"ဒီprojectပြီးရင်ကျွန်တော်တစ်ပတ်လောက်ခွင့်ယူမှာမို့scheduleတွေရှင်းပေးထားပါ......ပြီးရင်ကျွန်တော်ဒီနေ့,နေ့တစ်ဝက်နဲ့ရုံးဆင်းမယ်"

အစည်းအဝေးခန်းမထဲကပြန်ပြန်လာချင်း အနောက်ကလိုက်လာတဲ့အတွင်းရေးမှူးအား မှာစရာရှိရာမှာကာ ကမ်းပေးလာတဲ့fileကို လက်မှတ်ထိုးပေးပြီးနောက်မှာတော့ ဉီးညွှတ်နှုတ်ဆက်သွားတဲ့အတွင်းရေးမှူးရဲ့ တံခါးပိတ်သံကိုကြားမှ နက်ခ်တိုင်ကိုဖြေလျှော့ကာ ဆုံလည်ကုလားထိုင်နောက်မှီပေါ် မှီချလိုက်သည်။လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ သစ်သားframeလေးနဲ့သေသေချာချာထည့်ထားတဲ့ ကူးကူးရဲ့ပုံလေးကိုလှမ်းယူလိုက်ပြီး နှုတ်ခမ်းနဲ့ခပ်ဖွဖွထိတွေ့ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။လုပ်သမျှအရာရာဟာ ကူးငယ်လေးအတွက်ပေပဲမို့ အလုပ်ကပင်ပန်းနေရင်တောင် ရှေ့သွားခပ်ကြီးကြီးနှစ်ချောင်းပေါ်အောင်အထိပြုံးပြတတ်တဲ့ကလေးငယ်လေးအား တွေးလိုက်မိတိုင်း ပင်ပန်းသမျှတွေဟာ တစ်မဟုတ်ချင်းပျောက်ပျက်သွားရသည်။သို့သော် ဒီတစ်ခေါက်ပြင်သစ်ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းထုတ်လုပ်တဲ့projectမှာတော့ ဆော့ဂျင်သာမက ကုမ္ပဏီတစ်ခုလုံးပြိုင်းနေအောင်အားစိုက်ထုတ်ကာ စက်ရုပ်ကဲ့သို့ မနားမနေအလုပ်လုပ်ကြရသည်။ဒီစီမံကိန်းအကြောင်းကို ကူးကူးငယ်နားလည်လောက်တဲ့အထိ စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပေမယ့် ကလေးစိတ်လေးနဲ့ခွေးပေါက်လေးဟာ မနေ့ကစပြီး အသံတိတ်ဆန္ဒတွေပြလာတော့တာဖြစ်သည်။ဆော့ဂျင်ပြင်ထားပေးတဲ့မနက်စာတွေကို မစားဘဲ Serealတွေပဲဖျော်သောက်ကာ အလုပ်ကပြန်လာတဲ့ဆော့ဂျင်ကိုထွက်မကြိုတော့။သူ့ကိုအချိန်မပေးနိုင်တာသိတော့ ခေါက်ဆွဲတွေလည်းပြုတ်သောက်သလို ထယ်ထယ်နဲ့ပေါင်းပြီး အိမ်ကိုဗြောင်းဆန်အောင်မွှေထားတတ်သေးသည်။သူစိတ်ကောက်နေတယ်ဆိုတာကိုလည်း ပါးစပ်ကမပြောဘဲ သူ့ထုံးစံအတိုင်းပန်းရောင်noteလေးတွေကို အိမ်ရဲ့နေရာအနှံ့မှာကပ်ထားကာ သူစိတ်ကောက်နေတဲ့အကြောင်းကို ဆော့ဂျင်မသိသိအောင်ပြောသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now