2;Koo Kooက,ကလေးမဟုတ်တော့ဘူးလား???

3.2K 273 22
                                    

Unicode & Zawgyi

Unicode

အိမ်ပေါ်ကနေမဆင်းလာတဲ့ကလေးကိုစောင့်နေရင်းဆော့ဂျင်စဉ်းစားနေမိသည်။ဂျောင်ကုသည်အခုရက်ပိုင်းဂျစ်တူးလေးဖြစ်လာသည်။လူငယ်တစ်ယောက်ဖြစ်ပေမယ့်အိမ်ရဲ့အုပ်ထိန်းမှု၊ဆော့ဂျင်ရဲ့အုပ်ထိန်းမှုအောက်မှာစနစ်တကျနေထိုင်လာတဲ့ဂျောင်ကုရဲ့အိပ်ရာထချိန်ဟာမနက်ရှစ်နာရီထက်နောက်မကျစေရ။

သို့သော်ယခု9နာရီထိုးလုနေပြီ။အခုချိန်ထိအိမ်အပေါ်ထပ်အခန်းထဲကဘာအသံမျှမကြားရသေး။ညကသူဂိမ်းဆော့နေတာဆော့ဂျင်သိသည်။သို့သော်မသိချင်ယောင်ဆောင်နေခဲ့သည်။စိတ်လေးချမ်းသာပါစေဆိုပြီးလွှတ်ပေးထားပေမယ့်အရမ်းဆိုးလာလေသည်။

ဘယ်သူ့ကိုပဲပြောပြောဒီကလေးဘက်ပဲလိုက်မှာသိတာကြောင့်တိုင်ပြောမယ့်အစီအစဉ်ကိုဖျက်ပစ်လိုက်သည်။ဒီကလေးကြောက်​သောသူသည်ဒီလောကကြီးမှာမမွေးဖွားသေး။

ဟော......ဆင်းလာပါပြီ။ယိုင်တိုင်တိုင်နဲ့။ညကအိပ်ရေးတွေပျက်ပြီးယိုင်ထိုးနေသည်။ခါတိုင်းလည်းဒီအချိန်ထိမအိပ်ဘူးတာကြောင့်ခေါင်းတွေထိုးကိုက်နေလိုက်မယ့်ဖြစ်ခြင်း။

"Hello Jinjin"

သူခေါ်တဲ့နာမည်တွေလည်းတော်တော်စုံနေပြီဖြစ်သည်။Jin,Jin hyung,Jinjin,Jan,Jinnie,Seokjin,Yeobo။မြောက်များလှစွာသောဆော့ဂျင်ရဲ့Nicknameများကိုဆော့ဂျင်ကိုယ်တိုင်တောင်မမှတ်မိ။

"လာထိုင်......မနက်စာလာစား"

"ဒါတွေမစားချင်ဘူးJin"

ပြင်ဆင်ပေးထားတဲ့ထမင်းနဲ့အတူဖွယ်ဖွယ်ရာရာရှိလှတဲ့ဟင်းအမယ်တွေကိုနှာခေါင်းရှုံ့ကာကြည့်လာလေသည်။ဒီကလေးဂျီတိုက်​တာပိုပို​ဆိုးလာသည်။ပြင်ပေးထားတဲ့မနက်စာကိုလည်းဟိုဟာမစားချင်ဘူး၊ဒီဟာမစားချင်ဘူးနဲ့။သူလိုချင်တာကိုဖြစ်အောင်မလုပ်ပေးပြန်ရင်လည်းတစ်နေကုန်အောင်ထိုင်ကောက်နေတတ်သေးသည်။

ဒါကြောင့်အတတ်နိုင်ဆုံးသူ့အလိုလိုက်လျောမိသည်။အိမ်ကအဖေနဲ့အမေဟာလည်းသူတို့သားနဲ့နေ့တိုင်းဖုန်းပြောတာကြောင့်အသံလေးများမကောင်းလိုက်ရင်ကင်ဆော့ဂျင်တို့အပွားခံရပြီ။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now