4;Koo Kooနဲ့သွားဆေးခန်း

2.3K 213 37
                                    

Unicode & Zawgyi

Unicode

"မသွားဘူး......မသွားဘူး......မသွားဘူးလို့ဆို"

မနက်စောစောစစ်တိုက်နေတဲ့အိမ်ကတော့ဂျွန်ဂျောင်ကုရဲ့စံအိမ်။ပွေ့ချနေတာကိုအတင်းရုန်းကာကုတင်တိုင်ကြီးကိုအနှစ်နှစ်အလလကခွဲနေရတဲ့ချစ်သူတစ်ယောက်လိုဖက်တွယ်ထားသည်။

အတင်းဂျစ်နေတဲ့ကလေးကိုဆွဲပွေ့လိုက်ရင်ရပေမယ့်ထိုကလေးကခန္ဓာကိုယ်ကိုစောင်နဲ့လုံးပြီးကုတင်တိုင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာမို့ဘယ်လိုမှပွေ့ချီလို့မရ။

စိတ်မရှည်တဲ့အကြည့်နဲ့ကြည့်မိပေမယ့်ထိုကလေးကတော့ဂရုကိုမစိုက်။ကုတင်တိုင်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးတစ်နေ့လုံးဆန္ဒပြမယ့်သဘောမှာရှိသည်။

"ကူကူး.....အခုဆင်းလာခဲ့နော်.....ကိုယ်ရိုက်မိတော့မယ်"

"ရိုက်ရက်သလား"

အင်း.......ဟုတ်တော့လည်းဟုတ်သား။ကိုယ်မှသူ့ကိုမရိုက်ရက်တာ။ဒါကိုသိတဲ့ကလေးမှာလည်းဆော့ဂျင်ကိုကောင်းကောင်းကြီးအနိုင်ယူသွားသည်။ထို့နောက်အိမ်အောက်ကိုဆင်းသွားလိုက်သည်။ကောင်းကောင်းပြောလို့မရမှတော့ခြိမ်းခြောက်ရုံပဲပေါ့။

မီးဖိုချောင်အဝမှာထားထားတဲ့မီးခိုးရောင်ခြင်းကိုယူလာကာရေခဲသေတ္တာထဲကိုဖွင့်လိုက်သည်။ထို့နောက်လှပသေသပ်စွာစီရီထားတဲ့Banana Milkကဒ်တွေ၊ဂျယ်လီထုတ်၊ချိုချဉ်ထုတ်တွေ၊ချောကလတ်တွေ၊Mashmallowတွေအပြင်တစ်ခြားခြားသောမုန့်အချိုတွေအားလုံးကိုဆွဲထည့်ပစ်လိုက်သည်။

အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးအခုချိန်ထိကုတင်တိုင်ကိုဖက်ထားဆဲဖြစ်တဲ့ကောင်လေးငယ်ရဲ့ရှေ့ကိုချပေးလိုက်သည်။

"ကူကူးကိုမရိုက်ရက်ပေမယ့်ဒီဟာတွေအားလုံးကိုတော့ကိုယ်လွှင့်ပစ်နိုင်တယ်နော်"

ထိုမှသာမျက်လုံးဝိုင်းဝိုင်းလေးဖြင့်ခြင်းလေးကိုဆွဲကြည့်နေလေသည်။သူ့ရဲ့မုန့်ထုတ်လေးတွေကိုတစ်ခုချင်းဆီသံယောဇဉ်မပြတ်သကဲ့သို့ထုတ်ယူကြည့်နေသည်။ထို့နောက်အောက်ဆုံးမှာထည့်ထားတဲ့Banana Milkကဒ်တွေကိုမြင်တော့မျက်ရည်တွေဝိုင်းလာလေသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now