11;Koo Kooရဲ့ကိုကိုကအကောင်းဆုံးလူသား

2.1K 212 81
                                    

Unicode & Zawgyi

Unicode

"ကူးရေ.....ဘာလုပ်နေလဲ.....ထမင်းစားရအောင်လေ"

အခန်းတံခါးကိုတစ်ဒေါက်ဒေါက်ခေါက်ကာခေါ်မိတော့အထဲကဘာသံမှပြန်ပေးမလာ။ဒါကြောင့်ထပ်ကာထပ်ကာခေါက်ပြီးအသံပေးသော်လည်းတိတ်ဆိတ်မြဲတိတ်ဆိတ်နေတာမို့ဆော့ဂျင်စိတ်ပူလာရသည်။မနက်စာစားအတူတူဂိမ်းဆော့ပေးပြီးကတည်းကအခန်းထဲဝင်သွားသောကလေးသည်ယခုအချိန်ထိဘာသံမှမကြားရသေး။ဒါကြောင့်ဆက်ခေါက်မနေတော့ဘဲလော့ခ်မချထားတဲ့အခန်းတံခါးကိုတွန်းဖွင့်ကာဝင်သွားတော့အိပ်ရာပေါ်တွင်စာအုပ်ကြီးပိုက်ကာအိပ်ပျော်နေတဲ့ယုန်ကလေး။

စာအုပ်လေးကိုလက်ကပိုက်ထားပြီးပတ်လက်လေးအိပ်ပျော်နေတဲ့ကလေးဟာပါးစပ်လေးကပါဟနေတာမို့ယုန်သွားလေးနှစ်ချောင်းဟာအဝေးကနေကြည့်တာတောင်ထင်းကနဲ။တော်တော်ကြိုစားထားပုံရသည်။စာအုပ်ကြီးကိုဖက်ပြီးအိပ်ပျော်နေတာဆိုတော့။

ပညာလိုလားတို့ကျောင်းသားလုပ်နေတဲ့ကောင်လေးရဲ့အနားတိုးထိုင်လိုက်ပြီးလက်ထဲကစာအုပ်ကိုဆွဲနှုတ်လိုက်တော့လန့်သွားပုံရတဲ့ကလေးရဲ့ခန္ဓာကိုယ်လေးဟာဆက်ကနဲတုန်သွားတာမို့ရင်ဘတ်ပေါ်လက်လေးနဲ့ဖိပေးထားရသေးသည်။ငြိမ်ပြီးအသက်ရှုသံတွေပါပုံမှန်ဖြစ်သွားပြီဆိုမှအသာလှုပ်နှိုးရသည်။မနှိုးချင်ပေမယ့်နေလယ်စာလွန်သွားမည်စိုးသောကြောင့်နှိုးရပေဉီးမည်။

"ကူးရေ.....ထရအောင်ကလေး....နေ့လယ်စာစားမယ်"

ပါးဖောင်းဖောင်းလေးကိုရွတ်ကနဲမြည်အောင်နမ်းလိုက်ပြီးတစ်ချက်လောက်ကိုက်ဆွဲလိုက်တော့နှိုးလာတဲ့ကလေးဟာဆော့ဂျင်ရဲ့မျက်နှာတွေကိုလက်က​လေးနဲ့တွန်းထုတ်လာလေသည်။

"အွန်....မထချင်သေးဘူး.....နည်းနည်းအိပ်ဉီးမယ်"

ပေါင်ပေါ်ရောက်နေတဲ့စောင်ကိုရင်ဘတ်ထိလုံအောင်ဆွဲခြုံကာတစ်ဖက်သို့လှည့်သွားတဲ့ကလေးလေး။ဒါကြောင့်ပုခုံးကနေသိုင်းဖက်ကာသူ့ခေါင်းလုံးလုံးလေးပေါ်ခေါင်းတင်လိုက်တော့စိတ်ရှုပ်သွားပုံရတဲ့အသံသေးသေးလေးကိုအရင်ထွက်လာလေသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now