3;Koo Kooရဲ့တောင်းပန်ခြင်း

2.9K 235 21
                                    

Unicode & Zawgyi

Unicode

လောကကြီးရဲ့အလယ်လူသားတစ်ယောက်ရယ်လို့ဖြစ်လာရင်အမှားတစ်ခုမဟုတ်တစ်ခုတော့လုပ်တတ်ကြတာပဲမဟုတ်လား။အဲ့ဒီအတွက်တောင်းပန်ခြင်းကိုရောလုပ်ဖူးကြလား။တောင်းပန်တယ်ဆိုတာကိုယ့်အမှားကိုယ်ဝန်ခံခြင်းမည်တာပဲလေ။

လောကမှာတောင်းပန်ခြင်းအမျိုးမျိုးရှိတယ်ဆိုတာရောသိပါသလား။
ဒူးထောက်ခြင်း---ဒါကတော့အကြီးမှားဆုံးအမှားအတွက်အထိရောက်ဆုံးတောင်းပန်ခြင်း။
တစ်ဖက်လူကြိုက်တတ်တာလေးတွေကိုဝယ်ပေးခြင်း----ဒါကတော့သိပ်မပြင်းထန်သေးတဲ့အခြေအနေအတွက်သုံးတယ်လို့ဆိုမလား။

လူတွေရဲ့အမှားတစ်ခုအပေါ်မှီပြီးတောင်းပန်ခြင်းတွေကလည်းအမျိုးအမည်ကွဲတာပဲလေ။

ဒါပေမဲ့သူကြုံတွေ့နေရတဲ့တောင်းပန်ခြင်းကတော့ကမ္ဘာ့အထူးခြားဆုံးစာရင်းဝင်လောက်တယ်။ထိုတောင်းပန်မှုရဲ့Profileကိုတင်ပြရမယ်ဆိုရင်ဖြင့်

တောင်းပန်သူ------ဂျွန်ဂျောင်ကု။
တောင်းပန်ခံရသူ------ကင်ဆော့ဂျင်။
တောင်းပန်ပုံနည်းလမ်း-----အရိပ်လိုနေရာတကာလိုက်ပြီးကော်လိုကပ်နေခြင်း။

အခုလည်းဟင်းချက်နေတာကိုယုန်ပေါက်တစ်ကောင်က,စားပွဲပေါ်လက်ထောက်ပြီးငေးနေတာဖြစ်တယ်။ဆော့ဂျင်ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ခဲ့ပေမဲ့ဆိုးရွားလာတာယုန်ပေါက်။

ဆော့ဂျင်ရဲ့မူးလဲရခြင်းကိုသူ့ကြောင့်ဟုတစ်ထစ်ချယုံကြည်ကာတစ်ချိန်လုံးမျက်စိအောက်ကအပျောက်မခံ။အရင်တုန်းကလည်းအပျောက်မခံပေမဲ့ဆော့ဂျင်ဆေးရုံဆင်းပြီးနောက်ပိုင်းပိုဆိုးလာသည်။

ရုံးသွားရင်လည်းရုံးမို့၊အပြင်သွားပြန်ရင်လည်းအပြင်မို့၊ယုစွအဆုံးရေချိုးခန်းထဲဝင်ရင်တောင်လိုက်ချင်နေတဲ့ထိုခိုအားလားပေါက်လေးကိုဘယ်လိုတောင်လုပ်ရမယ်မှန်းမသိတော့ပါ။

"မြန်မြန်လုပ်လေ.........ရုံးသွားရမယ်မို့လား"

အခုလည်းအသံစွာစွာလေးကထွက်လာပြန်ပြီ။ဆော့ဂျင်ကအောက်ခံရှပ်နဲ့စတိုင်ပန့်ကိုသာဝတ်ထားပေမဲ့သူလေးကတော့ရုံးကိုလိုက်ဖို့စတိုင်အပြည့်အစုံနဲ့။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now