19;Koo Kooကိုစိတ်မဆိုးပါနဲ့

1.9K 171 56
                                    

Unicode & Zawgyi

Unicode

"ကူကူး!!"

မနက်အစောကတည်းက ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အော်သံကျယ်ကျယ်ကြောင့် ခြံထဲမှာနားနေတဲ့ ငှက်ငယ်လေးတွေကတောင် အလန့်တကြားထပြေးသွားရသည်။ထိုအသံရဲ့ဖြစ်တည်ရာ မီးဖိုချောင်ထဲမှာတော့ မျက်ခုံးရိုးနှစ်ဖက်ကြားကို လက်ဖြင့်နှိပ်နယ်နေတဲ့သူနဲ့ ထိုလူသားအား အရည်ကြည်တွေရစ်သိုင်းနေတဲ့ puppyပေါက်စမျက်လုံးတွေနဲ့လိုက်ကြည့်နေတဲ့ ကလေးငယ်လေးတစ်ယောက်ဟာ တင်းမာနေတဲ့အခြေအနေတစ်ခုနဲ့အတူ တည်ရှိနေသည်။

အရင်တစ်ခါအကြီးအကျယ် ရန်ဖြစ်ပြီးကတည်းက ကူးကူးငယ်အား နောက်တစ်ခါဘယ်တော့မှ ထပ်မအော်တော့ပါဘူးဆိုပြီး ကိုယ့်ကိုကိုယ်ထားခဲ့တဲ့ကတိတွေကို ချိုးဖောက်နေရတဲ့ ကင်မ်ဆော့ဂျင်ဟာတော့ မနက်အစောမှာတောင် ဉီးနှောက်အထိဆောင့်တက်ချင်နေတဲ့ သွေးဖိအားကို မနည်းထိန်းထားရသည်။မနေ့ညနေ ရုံးကပြန်လာခဲ့ကတည်းက အနားသိပ်မကပ်တဲ့ကလေးငယ်အား စိတ်အခြေအနေသိပ်မကောင်းလို့,လို့ ထင်ခဲ့ပေမယ့် တကယ့်အကြောင်းအရင်းအစစ်အမှန်ကိုတော့ မနက်စာစားခါနီးမှ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာဖြစ်သည်။လက်ဖျံတစ်လျှောက်မှာ နေရာယူထားတဲ့ မင်္ဂလာဆောာင်ရဲ့ရက်စွဲတက်တူးဟာ မြင်လိုက်ရတဲ့ကင်မ်ဆော့ဂျင်ရဲ့နှလုံးသားအား အစိမ်းလိုက်ဆွဲထုတ်နေသလိုပင်။တန်ဖိုးထားတာသိပေမယ့် ကူးကူးရဲ့နုနယ်တဲ့အသားအရည်အပေါ်မှာ ခြင်ကိုက်ရာတောင် မရှိစေချင်တဲ့ ဆော့ဂျင်အတွက် ဟော့ဒီတက်တူးကြီးဟာ တကယ့်ကိုနာကျင်မှုပင်။တံတောင်ဆစ်ကစပြီး လက်ကောက်ဝတ်အထိ ရေးဆွဲထားတဲ့ ရောမအက္ခရာဂဏန်းတွေဟာ ကူးကူးနဲ့ဆော့ဂျင်ရဲ့မင်္ဂလာဆောင်ရက်စွဲကို ရည်ညွှန်းလေသည်။ဒီကလေးလေး တက်တူးကြိုက်တတ်တာကိုသိပေမယ့် ဆော့ဂျင်ဟာ ထိုကိစ္စနဲ့ပတ်သတ်လို့ စကားဉီးသန်းလာရင်တောင် ပိတ်ပင်တားမြစ်တတ်တာပင်။နုနယ်လွန်းပြီးအထိခိုက်မခံတဲ့အသားအရည်မျိုးကို ပိုင်ဆိုင်ထားသူမို့ ရေချိုးဆပ်ပြာကအစ Sun creamအထိ ကလေးသုံးတွေကိုသာ သုံးစွဲခဲ့ရတဲ့ကလေးပေမို့ အဲ့ဒီအသားအရည်လေးအပေါ်မှာ ဘယ်လိုသေရာပါအမှတ်မျိုးကိုမှ မလိုချင်ခဲ့သူဖြစ်သည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now