14;Koo Kooကလုံးတစ်လေး

2K 189 65
                                    

Unicode & Zawgyi

Unicode

အမြဲတမ်းမနက်စောစောနိုးလေ့ရှိသောဆော့ဂျင်ဟာဒီနေ့မှာလည်းမနက်ခြောက်နာရီခွဲလောက်နိုးလာခဲ့သည်။နိုးနိုးချင်းမျက်လုံးဖွင့်ကြည့်မိတော့ပါးစပ်လေးဟကာအိပ်ပျော်နေတဲ့ယုန်ကလေးကိုတွေ့လိုက်ရတာမို့ပြုံးမိသေးသည်။အိပ်ရာဝင်ခါစကကြယ်သီးအပြည့်တပ်ပေးထားတဲ့ချည်အင်္ကျီအဖြူလေးကလည်းပြုတ်တဲ့ကြယ်သီးကပြုတ်နဲ့စိတ်လွတ်ကိုယ်လွတ်ကိုအိပ်ပျော်နေတာပင်။မနေ့ညကမှဘာဓာတ်ပေါက်တယ်ရယ်မသိတဲ့ကူးငယ်ဟာချည်ထည်အဖြူဝမ်းဆက်လေးဝတ်ချင်ပါတယ်ဆိုသောကြောင့်နှစ်ယောက်ဆင်တူဝမ်းဆက်လေးနဲ့အိပ်ရာဝင်ခဲ့တာဖြစ်သည်။ကြည့်နေတုန်းမှာပင်ဆော့ဂျင်ဘက်ကိုလှည့်လာကာခွေခွေလေးပြန်အိပ်နေပြန်တဲ့ကလေးကိုကြည့်ပြီးပြုံးမိပြန်သည်။ထွက်ခါစနေရောင်ခြည်ဟာလိုက်ကာကြားထဲကနေတစ်စွန်းတစ်စဝင်လာကာအိပ်နေတဲ့ယုန်ဖြူလေးပေါ်သို့ဖြန်းပက်ထားတာမို့ကူးငယ်ဟာအိပ်ပျော်နေတာတောင်ချစ်ဖို့ကောင်းနေတာဖြစ်သည်။

ဒီလိုအဖြူဝမ်းဆက်လေးကိုမြင်တော့ဆော့ဂျင်တို့ပထမဆုံးစတွေ့တဲ့အချိန်ကိုတောင်သတိရမိသည်။ထို့နေ့ကဆော့ဂျင်ဟာအချိုပွဲမီနူးအသစ်တွင်ထည့်သွင်းအသုံးပြုရန်လုံလောက်သောအသီးအနေအထားကိုပေးနိုင်တဲ့ခြံတစ်ခြံကိုလိုက်ရှာနေစဉ်ကာလဖြစ်သည်။နောက်ဆုံးရှာတွေ့သည်ကဘူဆန်မြို့အဖျားမှာရှိတဲ့ခြံလေးဖြစ်သည်။ကြီးမားတဲ့စိုက်ပျိုးရေးခြံဖြစ်သည့်အပြင်ဘူဆန်ရဲ့နာမည်ကြီးသစ်သီးခြံလည်းဖြစ်တာကြောင့်ဆော့ဂျင်ကိုယ်တိုင်လေ့လာရန်ဘူဆန်အထိလိုက်သွားဖြစ်ခဲ့သည်။လှပစိမ်းစိုတဲ့သဘာဝတရားကြီးကိုချစ်မြတ်နိုးစွာပင်လိုက်ကြည့်နေခဲ့ပြီးနောက်ဆုံးခြံရှေ့ကားရပ်သွားမှသတိဝင်သွားခဲ့သည်။ကားပေါ်ကလှမ်းကြည့်လိုက်ရင်ကိုခြံကြီးဟာအဆုံးမမြင်ရဘဲအပင်တန်းအစုံနဲ့မို့ဆော့ဂျင်သဘောကျသွားရသည်။တကယ်လို့အဆင်ပြေဈေးနှုန်းသင့်တင့်ရန်စာချုပ်ချုပ်ဆိုရန်အတွက်ပါပြင်ဆင်ထားခဲ့သည်။

အလုပ်ကိစ္စဆိုပေမယ့်လွတ်လွတ်လပ်လပ်လာချင်တာကြောင့်ဝတ်လာခဲ့တဲ့ပိုလိုရှပ်အဖြူလေးကိုတစ်ချက်ဆွဲဆန့်လိုက်ကာကားပေါ်ကဆင်းခဲ့လိုက်သည်။ကားပေါ်ကဆင်းဆင်းချင်းငေးကောင်းကောင်းနဲ့ငေးနေတုန်းမှာတင်ရင်ဘတ်ကိုဝင်တိုက်တဲ့မာကျောကျောအရာတစ်ခု။ငုံ့ကြည့်လိုက်တော့လူကိုမမြင်ရသေးဘဲထိပ်ကနေထိုးထွက်နေတဲ့ကြည်တောင်စီးလေးဟာဆော့ဂျင်ရဲ့နှုတ်ခမ်းကိုလာထိုးမိလေသည်။ပြီးမှဝင်တိုက်သွားတာကိုသတိပြုမိသွားတဲ့ခေါင်းလုံးလုံးလေးဟာမော့ကြည့်လာသည်။ဆော့ဂျင်နဲ့ဆင်တူစွာအပေါ်ထပ်ရှပ်လက်ရှည်အဖြူရောင်လေးနဲ့ထိပ်ကဆံပင်တွေကစုစည်းထားတဲ့ခေါင်းလုံးလုံးလေးဟာမျက်မှန်ဝိုင်းလေးနဲ့အညိုရောင်အမွှေးစုတ်ဖွားခွေးလေးကိုလည်းပိုက်ထားသေးသည်။ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့လှည့်နေတဲ့ကောင်လေးရဲ့ကြက်တောင်စီးကဆံပင်မွှေးတွေဟာဆော့ဂျင်ပါးစပ်ထဲတွင်သာ။ဒါကြောင့်ဆော့ဂျင်ကပဲအနောက်ကိုနည်းနည်းခွာပေးလိုက်သည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now