7;Koo Kooလေးအပြစ်ပေးခံရပြီ

3.1K 246 94
                                    

Unicode & Zawgyi

Unicode

"အဲ့တာဘယ်သူလဲ!!"

"ကူကူးရယ်.....အဲ့တာသူငယ်ချင်းပါလို့ကိုယ်ပြောပြီးပြီလေ.....ကိုယ့်ကိုနည်းနည်းလေးတောင်မယုံဘူးလား"

"ဟင့်အင်း.....မယုံဘူး.....ဘယ်သူလဲလို့......ပြောတော့နေ့လယ်စာကိုကုမ္ပဏီမှာစားမှာဆိုပြီးတော့ဟိုတယ်ထဲကိုမိန်းမတစ်ယောက်နဲ့ဝင်သွားတာလေ.....အဲ့တာကိုကျွန်တော်က....ကျွန်တော်ကဘယ်လိုစိတ်နဲ့ယုံရမှာလဲ"

တစ်ဖြေးဖြေးနဲ့အသံတွေကျယ်လာတဲ့ဂျောင်ကုကြောင့်ဆော့ဂျင်သက်ပြင်းကိုချလိုက်မိသည်။ဒီကလေးရဲ့သံသယတွေ၊အထင်လွဲမှုတွေနဲ့မယုံကြည်နိုင်ခြင်းတွေကတစ်စတစ်စတိုးတိုးလာသည်။ရှင်းပြနေရခြင်းကိုလည်းတစ်ဖြေးဖြေးငြီးငွေ့လာသည်။ကိုယ့်ခင်ပွန်းကိုနည်းနည်းလေးမှမယုံကြည်ပေးနိုင်ဘူးလားဆိုတဲ့စိတ်ရိုင်းကဝင်ရောက်လာတော့မဖြစ်ဘူးတဲ့ဒေါသတွေကဝင်ရောက်လာသည်။ထိုကြောင့်တစ်ခါမှမခေါ်ဘူးတဲ့နာမည်အပြည့်စုံကိုအော်ကာခေါ်လိုက်တော့သူဟာမျက်လုံးလေးဝိုင်းကာကြည့်လာလေသည်။ရှုပ်ထွေးလာတဲ့စိတ်အစုံကြောင့်ဝတ်ထားတဲ့ကုတ်အင်္ကျီကိုဆွဲချွတ်လိုက်ကာကြမ်းပြင်ပေါ်သို့ပစ်ပေါက်လိုက်သည်။

"မင်း....ကိုယ့်ခင်ပွန်းကိုယ်ယုံကြည်စိတ်လေးနည်းနည်းတောင်ထားမပေးနိုင်ဘူးလား......ကလေးသေးသေးလိုထားပြီးတစ်ချိန်လုံးအလိုလိုက်အကြိုက်ဆောင်ပေးနေတယ်ဆိုတိုင်းအကမ်းတက်တယ်......ငါ့ကိုမရိုမသေလုပ်တယ်......ငါကလေအိမ်ထောင်ဉီးစီးကွ......တစ်ချိန်လုံးမိန်းမတစ်ကာနဲ့အထင်လွဲစော်ကား......ဂျွန်ဂျောင်ကုမင်းငါ့ကိုရိုသေလေးစားရကောင်းမှန်းနည်းနည်းလေးမှမသိဘူးလား!!"

စကားတွေကိုတရပ်စပ်ပြောပြီးနောက်မှာတော့ပူလောင်လာတာကြောင့်နက်ခ်တိုင်ကိုဆွဲချွတ်ကာရှပ်အင်္ကျီရဲ့အပေါ်ကြယ်သီးတွေကိုပါဆွဲဖြုတ်လိုက်သည်။ထိုကလေးမှာတော့မျက်ရည်တွေဝိုင်းကာကြောင်ကြည့်နေဆဲ။ခါတိုင်းစိတ်နဲ့ဆိုပြာယာခတ်နေအောင်ချော့ပြီးပြီဖြစ်ပေမယ့်ဒီနေ့တော့မဟုတ်။ရုံးကပြသနာတွေကတစ်မျိုးမပြီးနိုင်မစီးနိုင်နဲ့ပြသနာရှာသည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now