18;Koo Kooလုပ်ပေးမယ်

1.5K 172 56
                                    

Unicode & Zawgyi

Unicode

ခါတိုင်းလိုပဲ မနက်လင်းလာပေမယ့် ဒီနေ့မနက်ခင်းကတော့ ခါတိုင်းလိုနဲ့မတူပေ။မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း ခံစားမိတဲ့ ခန္ဓာကိုယ်ကအပူလှိုင်းနဲ့ တဆစ်ဆစ်ကိုက်ခဲနေတဲ့ခေါင်းက ဖျားနေကြောင်း ပြောပြနေသည်လေ။ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ်ဖျားနေမှန်း သတိပြုပြီးနောက်မှာတော့ သတိရတာက ကူးငယ်လေး။ဘေးကိုအလန့်တကြား လှည့်ကြည့်မိတော့မှ အရင်နိုးနေပုံရတဲ့ကလေးလေးဟာ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ဆော့ဂျင်ကိုစိုက်ကြည့်နေသည်လေ။ရုတ်တရက်ဆက်ကနဲ ခေါင်းကိုထောင်လိုက်တာမို့ မူးဝေသွားပြီး အသံထွက်ပြီးပါညီးညူလိုက်မိသည်။ဒါကိုမြင်တော့ မျက်ဝန်းဝိုင်းဝိုင်းထဲက မျက်ရည်လေးတွေက ပိုလို့တောင်ပြည့်နှက်လာကာ ဆော့ဂျင်ကိုကျောပြင်ကနေ ထိန်းကိုင်ပေးပြီး ကုတင်ခေါင်းရင်းကိုမှီစေသည်။ဆော့ဂျင်မျက်နှာကို နှာတရှုံ့ရှုံ့နဲ့ကြည့်ကာ ပြည့်ဝိုင်းနေတဲ့မျက်လုံးလေးတွေထဲမှာလည်း မျက်ရည်တွေကအပြည့်နှင့်။လက်လေးဆန့်တန့်ပေးလိုက်တော့ အလိုက်တသိရင်ခွင်ထဲဝင်လာကာ ရင်ဘတ်ပေါ်ပါးအပ်ပြီး ငြိမ်နေပေးသည်။ပါးဖောင်းဖောင်းလေးတွေနဲ့ ရင်ဘတ်ကိုပွတ်သပ်နေတာမို့ လက်ဖဝါးခံပေးလိုက်တော့ ဆော့ဂျင်လက်ဖဝါးကိုဆွဲယူကာ သူ့ပါးလေးပေါ်တင်ပေးသည်။နေမကောင်းနေတဲ့သူ့ကို အပီအပြင်လာချွဲနေတဲ့ ယုန်ကလေးကူးကူးရယ်ပါ။

"ကိုကို့ကူးလေး"

"ဗျာ~~~အဟင့်"

ထူးသံလေးကတောင် ခါတိုင်းလိုကြည်လင်မနေဘဲ နှာရှိုက်သံလေးကပါသေးသည်။ဆော့ဂျင်နေမကောင်းဘူးဆိုတာနဲ့ နေစရာမရှိတော့သော ကူးကူးပါပေ။

"ဘာလို့ငိုနေတာလဲကူးရဲ့"

ဆော့ဂျင်ရဲ့လက်ဖဝါးနွေးနွေးအောက်မှာ စိုစွတ်လာတဲ့ ပါးပြင်လေးကြောင့် ရင်ခွင်ထဲအလန့်တကြားထုတ်ကာ မျက်ရည်တွေကိုပွတ်ဖယ်ရင်း ပြောမိတော့ ခေါငလးကိုသာတွင်တွင်ခါပြကာ လက်ဖျံနဲ့မျက်လုံးတစ်ဝိုက်ကို ဖိပွတ်နေပြန်သည်။ဒါကြောင့်ထိုလက်ဖျံကိုဖမ်းဆုပ်လိုက်ကာ ထပ်မေးပြန်တော့ ခေါင်းကိုသာ ထပ်ခါပြသည်။အနက်ရောင်ပြန်ဆိုးထားတဲ့ဆံပင်ရှည်လေးတွေကို ဝဲနေအောင် ခါပြနေတဲ့ကူးငယ်အား အင့်ကနဲအင့်ကနဲသာရှိုက်နေပြီး ခန္ဓာကိုယ်လေးကပါ လှုပ်,လှုပ်လာသေးသည်။ထိုခန္ဓာကိုယ်လေးကို မျက်နှာချင်းဆိုင်အနေအထားနဲ့ ပေါင်ပေါ်ပွေ့တင်လိုက်တော့ 'ကိုကိုဖျားနေတယ်'ဟုဆိုကာ အတင်းပြေးဆင်းလေသည်။ဒါကြောင့်ခါးကို ကျစ်နေအောက်ဖက်ကာ နှုတ်ခမ်းပါးပါးလေးကို နစ်နေအောင်နမ်းရှိုက်တော့ ရှိုက်သံလေးတွေကြားထဲကနေ ပြန်လည်တုံ့ပြန်လာတဲ့ ကလေးလေးကြောင့် ပြုံးယောင်သန်းသွားမိသည်။နှုတ်ခမ်းနှစ်ခုကို လေတောင်တိုးမရလောက်တဲ့ အနေအထားထိ ထိကပ်ပစ်ကာ နစ်နစ်သည်းသည်းနမ်းရှိုက်မိတော့ အမောမခံနိုင်တဲ့ကလေးဟာ ရင်ဘတ်ကိုတွန်းထုတ်လာလေသည်။ဒါကြောင့် မနက်ခင်းအစမှာ နှင်းဆီရောင်သမ်းနေတဲ့ ပါးပြင်ဖောင်းအိအိလေးကို တစ်ချက်နမ်းရှိုက်ပြီး လွှတ်ပေးလိုက်သည်။ဆော့ဂျင်ရဲ့ပုခုံးပေါ် ခေါင်းတင်ကာ လူကိုလည်းသိမ်းဖက်ထားတဲ့ ကလေးငယ်လေးရဲ့ ခေါင်းလုံးလုံးလေးကိုနမ်းရှိုက်ပြီး ခေါ်လိုက်တော့ ခေါင်းထောင်လာတာများ ဆက်ကနဲ။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now