26;Koo Kooတို့Trio

896 108 34
                                    

Unicode & Zawgyi

Unicode

"ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုထိခိုက်အောင်ထိမဆော့ရဘူးနော်"

ဆံပင်ပြာပြာလေးကိုဖြီးပေးရင်း သတိပေးစကားဆိုလိုက်တော့ အာလူးကြော်ထုတ်ကိုပိုက်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြသော်လည်း သုံးယောက်ပေါင်းလောင်းကျော်တော့မယ့်အဖြစ်အပျက်တွေကိုမြင်ယောင်နေပြီမို့ သက်ပြင်းကိုသာချလိုက်တော့သည်။တစ်နှစ်တစ်ခါထွက်နေကြ မိသားစုtripထွက်ရမယ့်အချိန်ဖြစ်ပြီး ဒီနှစ်တော့ဝေးဝေးလံလံမသွားတော့ဘဲ တောစပ်ကအပန်းဖြေအိမ်မှာပဲတစ်ပတ်တိတိသွားနေမှာမို့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ရှော့ပင်းတွေထွက်ပြီး ဟိုရောက်ရင်အသားကုန်ကဲမယ်လို့ဆုံးဖြတ်ထားကြတဲ့ကလေးသုံးယောက်အား ဘယ်လိုနည်းလမ်းကိုသုံးပြီးထိန်းရမယ်ဆိုတာတွေးလိုက်တိုင်း ခေါင်းကိုက်လာတာသာအဖတ်တင်သည်။

အခုလည်း ကြိုတင်စုဆောင်းဝယ်ယူထားတဲ့ ကစားစရာမျိုးစုံကို လွယ်အိတ်ထဲကောက်ထည့်နေတဲ့ကူးကူးဟာ mintအရောင်တီရှပ်လေးနဲ့ တက်ကြွသစ်လွင်နေတာပင်။ခါတိုင်းမနက်တော်ရုံနဲ့မထတတ်တဲ့ကူးကူးပိစိဟာ ခရီးသွားရမယ့်ရက်တွေဆိုလျှင် ဆော့ဂျင်ထက်အရင်ကြိုနိုးနေတတ်ပြီး လူကိုပါလာလာနှိုးတတ်တာမို့ ဒီနေ့လည်းမနက်ငါးနာရီမထိုးခင်ကတည်းက အိပ်ရာထခဲ့ရတာဖြစ်သည်။အထုတ်အပိုးတွေပြင်ဆင်ပြီးတော့လည်း မနက်စာကိုကောင်းကောင်းမစားဘဲ ဖုန်းကိုတကိုင်ကိုင်လုပ်ကာ အိမ်ကလာမယ့်ကားကို တမျှော်မျှော်လုပ်နေသေးတာမို့ ဆော့ဂျင်မှာပန်းကန်ကိုကိုင်ပြီး ဧည့်ခန်းထဲထိထမင်းထွက်ကျွေးနေရတာဖြစ်သည်။

သိပ်မကြာ ဟွန်းတီးသံနဲ့အတူ ခြံထဲကိုဝင်လာတဲ့ကားအဖြူကိုမြင်ကာရှိသေး သူ့ကျောပိုးအိတ်လေးသူကောက်လွယ်ကာ အိမ်ရှေ့ကိုပြေးထွက်သွားပြီမို့ မကုန်သေးတဲ့ထမင်းပန်းကန်ကိုသွန်ပြီးဆေးရတော့သည်။နမ်ဂျွန်းနဲ့အတူ အထုတ်တွေသယ်၊ အိမ်တံခါးတွေကိုသေချာသော့ခတ်ပြီး ကားပေါ်တက်လိုက်တော့ နောက်ခုံကသူ့အစ်ကိုနှစ်ယောက်အလယ်မှာကုတ်ကုတ်လေးထိုင်ပြီး ယုန်သွားလေးတွေပေါ်တဲ့အထိ မျက်နှာချိုသွေးနေတဲ့ကူးကူးအား ပြောလို့လည်းမနိုင်တော့တာမို့ driver seatမှာသာဝင်ထိုင်လိုက်တော့သည်။

MY KOO||JINKOOK ROMANCE SITCOM||Where stories live. Discover now