~1~

7.5K 412 69
                                    

(Unicode)
ညို့မိူင်းနေသော ကောင်းကင်ကြီးထက်
ငှက်ငယ်များ အသိုက်ရှိရာသို့ ပျံဝဲနေကြသည်။မိုးရေ၀နေသည့် သစ်ပင်များမှာလည်း နောက်ထက်ရွာမည့်မိုးအားစောင့်ဆိုင်းနေ၏။

ထို့အတူ.....တဂျိန်းဂျိန်းမည်နေသော မိုးခြိမ်းသံအောက်မှာ သောင်းကျန်းနေသူကတော့
ကင်ဆော့ဂျင်။

"ကွာမယ်! ကွာမယ်!"

ရှေ့နေကြီးချွဲအား အလယ်၌ထားပြီး ဆော့ဂျင်နှင့်ဂျောင်ဂုမှာ တစ်ဖက်ဆီထိုင်နေကြသည်။ဆော့ဂျင်ရဲ့ဘေးမှာတော့ ဂျီမင်းဆိုသောအနှီသူငယ်ချင်းလေးထိုင်နေပြီး
ဂျောင်ဂုရဲ့ဘေးမှာတော့ ကင်ထယ်ယောင်းဆိုသော သူငယ်ချင်းလေးထိုင်လျက်ရှိသည်။

"သေချာပြန်စဉ်းစားပါအုံး ကင်ဆော့ဂျင်ရှီ
ဒါက ပြန်လှည့်လို့ရမယ့်ကိစ္စမျိုးမဟုတ်ပါဖူးနော်"

ရှေ့နေကြီးက ‌‌အေးဆေးစွာပင် ဆိုလိုက်သည်။
သို့သော် သွေးဆူနေတဲ့ ဆော့ဂျင်ကတော့.....။

"ကွာမှာ! ဒင်းနဲ့ဆက်မပေါင်းနိုင်ဖူး လုံး၀ပဲ!"

နူတ်ခမ်းကိုတစ်တောင်လောက်ထော်ကာပြောနေသည့် ဆော့ဂျင်ကို တစ်ဖက်မှ
ဂျောင်ဂုလည်းအချဉ်ပေါက်လာရသည်။
ထို့ကြောင့် စိတ်တိုတိုနဲ့ပဲ...

"ဟုတ်တယ် ဒီကောင်နဲ့ဆက်မပေါင်းနိုင်ဖူး
ကွာမယ်!"

ဂျောင်ဂုရဲ့စကားက ဆော့ဂျင်အားနာကျင်စေသော်လည်း စိတ်တိုနေသည့်အချိန်မို့ နာကျင်ရကောင်းမှန်းမသိလှ။

"ပြန်စဉ်းစားပါအုံး ငါ့ကောင်တို့ရယ်
မင်းတို့ပဲချစ်လို့ယူထားကြတာလေကွာ!"

ဂျီမင်းရဲ့စကားကိုထယ်ယောင်းကထောက်ခံသည်။ထောက်မခံသူများကတော့
ဂျောင်ဂုနဲ့ဆော့ဂျင်။

"မင်းတို့မသိပဲ မပြောနဲ့! ဒီကောင်က ငါမကြိုက်တာတွေအရမ်းလုပ်တာ!"

ဆော့ဂျင်ရဲ့စကားကို ဂျောင်ဂုက ရန်ပြန်တွေ့သည်။

"ဟိတ်ကောင်! ‌ကင်ဆော့ဂျင် မင်းလည်းဘာထူးလို့လည်း ဟမ်!"

"အာ...တော်ပါတော့ ရှေ့နေကြီးလည်းအားနာပါအုံးမင်းတို့ကလည်း..."

ချည်Where stories live. Discover now